Social Icons

Pages

Wednesday, June 13, 2018

မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်ဖက်ညှိနှိုင်း၍ လှည့်ကင်းများ ဆောင်ရွက်


မြန်မာနိုင်ငံ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များ မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ခြံစည်းရိုး လမ်းအတိုင်း မြေပြင်လှည့်ကင်းများ ဆောင်ရွက်ကြစဉ်။

နေပြည်တော် ၁၃-၆-၂ဝ၁၈

မြန်မာနိုင်ငံ နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များနှင့် ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်မှ လုံခြုံရေးတပ်ဖွဲ့ ဝင်များသည် နယ်စပ်ခြံစည်း ရိုးလမ်းအတိုင်း နှစ်နိုင်ငံ နှစ်ဖက်ညှိနှိုင်း၍ မြေပြင်လှည့်ကင်းများ ဆောင်ရွက်ခဲ့ကြောင်းသတင်းရရှိသည်။

နှစ်နိုင်ငံ လုံခြုံရေး တပ်ဖွဲ့ဝင်များသည် မေ ၂၇ ရက်တွင် နယ်ခြားမှတ်တိုင် ၄၁မှ ၄၂ထိ၊ ဇွန် ၁ဝရက်တွင် နယ်ခြားမှတ်တိုင် ၄၂မှ ၄၃ နှင့် နယ်ခြားမှတ်တိုင် ၃၁မှ ၃၄ထိ၊ ဇွန် ၁၁ ရက်တွင် နယ်ခြားမှတ်တိုင် ၄၃မှ ၄၄ထိမြေပြင်လှည့်ကင်းများ ဆောင်ရွက်ခဲ့ကြသည်။

ကုန်းမြေနယ်နိမိတ်တွင် နှစ်ဖက်ညှိနှိုင်းချက်အရ Coordinated Patrol ကို ၂ဝ၁၈ ခုနှစ် ဖေဖော်ဝါရီတွင် ၁၄ကြိမ်၊ မတ်လတွင် ခုနစ်ကြိမ်၊ မေလတွင် ၁၆ကြိမ်၊ ဇွန်လတွင်သုံးကြိမ် စုစုပေါင်း အကြိမ် ၄ဝနှင့် ရေကြောင်းကင်းလှည့် ခြင်းကိုလည်း နတ်မြစ်ကြောင်းအတိုင်း စုစုပေါင်း လေးကြိမ်ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...