Social Icons

Pages

Tuesday, May 15, 2018

ကျိုက်ထိုမြို့နယ် ကော့စံနိုင်ရပ်ကွက်၌ မီးဖိုမီးကြွင်း မီးကျန်မှတစ်ဆင့် နေအိမ်နှစ်လုံး မီးလောင်မှုဖြစ်ပွား



ကျိုက်ထို ၁၅-၅-၂ဝ၁၈

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ကော့စံနိုင်ရပ်ကွက် ဘောဂနာအပိုင်းတွင် ယနေ့နံနက်ပိုင်းက မီးဖိုမီးကြွင်း မီးကျန်မှတစ်ဆင့် မီးလောင်မှုဖြစ်ပွားခဲ့ရာ နေအိမ်နှစ်လုံး မီးလောင်ခဲ့ကြောင်း သိရသည်။

မီးလောင်မှု ဖြစ်စဉ်တွင် ဒေါ်စန်းစန်းထွေးသည် နေအိမ်၌ နံနက်စာချက်ပြုတ်ပြီး အလုပ်ကိစ္စရှိသဖြင့် အပြင်သို့ထွက်သွားခဲ့ရာ မီးဖိုမှမီးကို သေချာစွာ မငြှိမ်းသတ်ခဲ့သဖြင့် မီးကြွင်းမီးကျန်မှတစ်ဆင့် မီးဖိုဘေးရှိထရံကို မီးကူးစက်လောင်ကျွမ်းခဲ့ပြီး အနီးအနားရှိ နေအိမ်တစ်လုံးကို ထပ်မံကူးစက် လောင်ကျွမ်းခဲ့ကြောင်း သိရသည်။

မီးလောင်ရာသို့ အနီးအနားရှိ ပြည်သူများ၊ ကျိုက်ထိုမြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များက မီးငြှိမ်းသတ်ယာဉ်နှစ်စီးဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ မိနစ် ၂ဝအကြာတွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ မီးလောင်မှုကြောင့် တောင်ထန်းမိုး၊ ထရံကာ၊ ပျဉ်ခင်းနေအိမ် နှစ်လုံးမီးလောင်ခဲ့ရာ ငွေကျပ် သုံးသိန်းခွဲခန့် ဆုံးရှုံးခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ အိမ်ပိုင်ရှင် စန်းစန်းထွေးကို ကျိုက်ထို မြို့မရဲစခန်းက (ပ)၃၂၈/၂ဝ၁၈၊ ရာဇသတ်ကြီးပုဒ်မ- ၂၈၅ဖြင့် အမှုဖွင့် ဆောင်ရွက်ထားကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...