ညောင်လေးပင် ၁၄-၅-၂ဝ၁၈
ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့ မြို့မ (၂) ရပ်ကွက် တပင်ရွှေထီးလမ်း၌ ယနေ့နံနက် ၁ဝ နာရီ မိနစ် ၃ဝ ခန့်က နေအိမ်တွင် မွေးမြူထားသော ဆိတ်များအတွက် ခြင်မီး၏ မီးကြွင်းမီးကျန်မှ တစ်ဆင့် နေအိမ်မီးလောင်ကျွမ်းခဲ့ကြောင်း သိရသည်။
အိမ်ရှင် ဦးစိုးလွင်သည် နေအိမ်၌ မွေးမြူထားသော ဆိတ်များအတွက် ခြင်မီးထည့်ကာ မီးငြှိမ်းသတ်ခဲ့ပြီး အပြင်သွားစဉ် မီးကြွင်းမီးကျန်မှ တစ်ဆင့် ပေ ၂ဝပတ်လည်သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်းနေအိမ်သို့မီးကူးစက် လောင်ကျွမ်းခဲ့သည်။
မီးလောင်ရာသို့ မြို့နယ်မီးသတ် ဦးစီးမှူး ဦးသိန်းထိုက်နှင့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ် တပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်နေပြည်သူများ ဝိုင်းဝန်းငြှိမ်းသတ်မှုကြောင့် အခြားအိမ်များသို့ ကူးစက်လောင်ကျွမ်းခြင်း မရှိဘဲထရံနှင့်ပျဉ်ခင်း အနည်းငယ်သာ လောင်ကျွမ်းခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ စိုးလွင်ကို ညောင်လေးပင် မြို့မရဲစခန်းက (ပ)၂၃ဝ/၂ဝ၁၈၊ ရာဇသတ်ကြီး ပုဒ်မ-၂၈၅ဖြင့် အမှုဖွင့်ဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိသည်။
#Themyawadydaily
No comments:
Post a Comment