ကျောက်ကြီး ၁၆-၅-၂ဝ၁၈
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ကျောက်ကြီးမြို့နယ် ကပ္ပယ်လမ်းခွဲ ကျေးရွာအုပ်စု အောင်စိုးမိုး ကျေးရွာ၌ ယနေ့မွန်းတည့် ၁၂ နာရီခန့်က ထင်းမီးဖြင့် ဝက်စာ အိုးတည်ရာမှတစ်ဆင့် နေအိမ်တစ်လုံး မီးလောင်မှု ဖြစ်ပွား ခဲ့ကြောင်း သိရသည်။
အောင်စိုးမိုးကျေးရွာ ရွယ်လယ်ပိုင်းနေ မနော်ဝါးလူမူး (ဘ) ဦးဖားမိပိုင် အလျား ၁၅ပေ၊ အနံပေ ၂ဝ သုံးပင် လေးခန်းတွဲ သက်ငယ်မိုးပျဉ်ခင်း၊ ပျဉ်ကာ ခြေတံရှည်အိမ်၏ မီးဖိုချောင်တွင် ထင်းမီးဖြင့် ဝက်စာအိုး တည်ထားခဲ့ပြီး နောက်ရွာထဲသို့ အိမ်လည်သွားနေစဉ် မီးဖိုမှတစ်ဆင့် မီးဖိုချောင် ဘေးထရံကို စတင်လောင်ကျွမ်းခဲ့ကြောင်း သိရသည်။
မီးလောင်မှုကြောင့် မီးဖိုချောင်ခေါင်မိုး သက်ငယ်များမှ တစ်ဆင့်နေအိမ် ခေါင်မိုးသက်ငယ်များ မီးလောင်ကျွမ်းခဲ့ရာ နေအိမ်အနီး ပတ်ဝန်းကျင်နေသူများက ဝိုင်းဝန်းမီးငြှိမ်းသတ် နိုင်ခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်နှင့် ပတ်သက်၍ နော်ဝါးလူမူးကို ကျောက်ကြီးမြို့မ ရဲစခန်းက (ပ)၆၃/၂ဝ၁၈၊ ရာဇသတ်ကြီးပုဒ်မ-၂၈၅ဖြင့် အမှုဖွင့်ဆောင်ရွက်ထားကြောင်း သတင်းရရှိသည်။
#Themyawadydaily


No comments:
Post a Comment