Social Icons

Pages

Thursday, May 3, 2018

လူထုမိတ်ဆွေ အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်မှ ယာဉ်မောင်း ၃၅၀ ခန့်အလုပ်ခေါ်ယူမည်



ရန်ကုန် ၃-၅-၂ဝ၁၈

ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြေးဆွဲ နေသော လူထုမိတ်ဆွေ အများနှင့်သက် ဆိုင်သောကုမ္ပဏီလီမိတက်မှ ယာဉ်မောင်း ၃၅၀ ခန့် ခေါ်ယူမည်ဖြစ်ကြောင်း လူထု မိတ်ဆွေအများနှင့် သက်ဆိုင်သောကုမ္ပဏီ လီမိတက် တာဝန်ရှိသူ ကိုတရုတ်လေးထံမှ သိရသည်။

ယာဉ်မောင်းခေါ်ယူရာတွင် သတ်မှတ် ချက်ကိုက်ညီသည့် အမျိုးသမီးယာဉ်မောင်း များပါ ခန့်အပ်မည်ဖြစ်ကြောင်း သိရသည်။ “လုပ်ငန်းအတွေ့အကြုံနဲ့ ကျွမ်းကျင်မှု ပေါ်မူတည်ပြီး ပညာအရည်အချင်းနဲ့ အသက်ကို လျှော့ပေါ့ပေးမယ်။ ယာဉ်လိုင်း တွေက ထပ်မံတိုးချဲ့ပြေးဆွဲဖို့ရှိတဲ့အတွက် ယာဉ်မောင်း ၃၅၀ လောက်ခေါ်မယ်”ဟု ကိုတရုတ်လေးကပြောသည်။

လျှောက်ထားလိုသူများအနေဖြင့် ‘င’ ယာဉ်မောင်းလိုင်စင် အနီဖြစ်ရမည်ဖြစ်ပြီး ‘ခ’ လိုင်စင်ဖြစ်ပါက ယာဉ်မောင်းသက်တမ်း သုံးနှစ်ရှိရမည်ဖြစ်ကာ ရန်ကုန်တိုင်းဒေသ ကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA) မှ သင်တန်း ဆင်းလက်မှတ်ရှိရမည်ဖြစ်ကြောင်း သိရ သည်။

ထို့ပြင် ပညာအရည်အချင်းအခြေခံ ပညာအလယ်တန်းအောင်မြင်ထားသူဖြစ် ရမည်ဖြစ်ပြီး အသက်၂၅ နှစ်မှ ၅၀ အတွင်း သတ်မှတ်ထားကြောင်း သိရသည်။

လျှောက်ထားလိုသည့် ယာဉ်မောင်းများ အနေဖြင့် အမှတ် (၂၃) (က) မဟာသုခလမ်း အရှေ့ကြို့ကုန်းရပ်ကွက် အင်းစိန်မြို့နယ် သို့ ပေးပို့လျှောက်ထားရမည်ဖြစ်ကြောင်း သိရသည်။

“ယာဉ်မောင်းအဖြစ် ခန့်အပ်ပြီးသွား ရင်တော့ တိုက်ရိုက်လုပ်ငန်းခွင်ဝင်ခိုင်းမှာ မဟုတ်ပါဘူး။ ယာဉ်မောင်းကလည်း ကျွမ်းကျင်ယာဉ်မောင်းဖြစ်ပြီး ၀န်ဆောင်မှု ပေးနိုင်တဲ့ ယာဉ်မောင်းဖြစ်ဖို့ ကြိုပြီးသင်တန်း ပေးရပါတယ်။ သူတို့က ကားပဲမောင်းတတ် တာ။ ၀န်ဆောင်မှုအပိုင်းတွေက လိုအပ်တာ တွေရှိပါတယ်။ ဒါကြောင့် ၀န်ဆောင်မှုအပိုင်း ကို သီးသန့်သင်တန်းတွေ ပေးသွားမယ်” ဟု ကိုတရုတ်လေးကပြောသည်။

လက်ရှိတွင် အဆိုပါယာဉ်လိုင်းအနေ ဖြင့် ယာဉ်လိုင်းသုံးလိုင်းကို ယာဉ်စီးရေ ၁၅၀ ဖြင့် ပြေးဆွဲလျက်ရှိပြီး ယာဉ်မောင်း ၆၀ ဦးဖြင့် လုပ်ငန်းလည်ပတ်လျက်ရှိ ကြောင်း သိရသည်။

ယင်းယာဉ်လိုင်းများမှာYBS ၉၃၊ ၉၄ နှင့် ၇၈ ယာဉ်လိုင်းတို့ဖြစ်ပြီး YBS ၉၃ ယာဉ်လိုင်းအား အနောက်ပိုင်းတက္ကသိုလ် ထန်းတပင်မှ တညင်းကုန်းလမ်းဆုံ၊ ခရေပင် လမ်းခွဲ၊ အမှတ် (၃) လမ်းဆုံ ၊ မြောက်ဥက္ကာပ အ၀ိုင်း၊ ဂန္ဓမာဟိုးဆေးမှ ဝေဇယန္တာလမ်း၊ သုဝဏ္ဏလမ်းဆုံ၊ ABC ၊ ပုဇွန်တောင်ဈေး၊ အနော်ရထာလမ်းမှ ဘူတာကြီးသို့ ပြေးဆွဲ ပေးမည်ဖြစ်ကာ အပြန်တွင် ဗိုလ်ချုပ်လမ်း၊ ပုဇွန်တောင်ဈေးမှ လာရာလမ်းသို့ ပြေးဆွဲပေး လျက်ရှိသည်။YBS ၉၄ ယာဉ်လိုင်းအား ကွန်ပျူတာတက္ကသိုလ်မှ ရန်ကုန်ဘူတာကြီး သို့ ပြေးဆွဲပေးလျက်ရှိကြောင်း သိရသည်။

ထို့ပြင်YBS ၇၈ ယာဉ်လိုင်းအား လှော်ကားလိပ်ကုန်းမှ အမှတ် (၄) လမ်းမ ကြီး၊ တညင်းကုန်းလမ်းဆုံ၊ သမိုင်းလမ်းဆုံ၊ လှည်းတန်းလမ်းဆုံ၊ မြေနီကုန်း၊ စံပြ၊မဟာဗန္ဓုလလမ်း၊ ဆူးလေမှဘူတာကြီး ဂိတ်ဆုံးဖြစ်ပြီး အပြန်တွင် အနော်ရထာ လမ်း၊ စံပြမှလာရာလမ်းသို့ ပြေးဆွဲပေး လျက်ရှိကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...