Social Icons

Pages

Thursday, May 24, 2018

ပြည်ပသတင်းမီဒီယာများ ပါဝင်သော သတင်းအဖွဲ့ စစ်တွေမြို့မှ ပြန်လည်ထွက်ခွာ


ပြည်ပသတင်းမီဒီယာများ ပါဝင်သော သတင်းအဖွဲ့နှစ်နိုင်ငံ နယ်နိမိတ်မျဉ်းအနီး နေထိုင်ကြသူများကို တွေ့ဆုံသတင်းရယူစဉ်။

စစ်တွေ ၂၄-၅-၂ဝ၁၈

မောင်တောမြို့၌ ရောက်ရှိနေသည့် ပြည်ပသတင်းမီဒီယာများ ပါဝင်သော သတင်းအဖွဲ့သည် ယနေ့နံနက် ၈ နာရီခွဲက မော်တော်ယာဉ်များဖြင့် တောင်ပြိုလက်ဝဲ ပြန်လည်လက်ခံရေး စခန်းသို့ရောက်ရှိပြီး သတင်းရယူကြသည်။

သတင်းအဖွဲ့ကို လက်ခံရေးစခန်း အဖွဲ့ခေါင်းဆောင် ဒုတိယညွှန်ကြားရေးမှူး ဦးစိုးထွန်းက တောင်ပြိုလက်ဝဲ ပြန်လည်လက်ခံရေး စခန်းဆိုင်ရာ အချက်အလက်များနှင့် ပြန်လည်လက်ခံရေး ဆိုင်ရာအကြောင်းအရာ များကိုရှင်းလင်း ပြောကြားသည်။

ဆက်လက်၍ မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ ချစ်ကြည်ရေး တံတားသို့ ရောက်ရှိကြပြီး နှစ်နိုင်ငံနယ်စပ် အခြေအနေများကို ကြည့်ရှုလေ့လာ ကြသည်။

ထို့နောက် ချစ်ကြည်ရေး တံတားအနီး လူဝင်မှုကြီးကြပ်ရေး လုပ်ငန်းဆောင်ရွက် လျက်ရှိသည့် အခြေအနေများကို လေ့လာကြပြီး NVC ကတ်ထုတ်ပေးခြင်းနှင့် ထုတ်ယူနိုင်ခြင်း ဆိုင်ရာအကြောင်းအရာများ၊ Biometric ရယူခြင်းဆိုင်ရာ အကြောင်းအရာများ၊ NVC ကတ်ထုတ်ယူ ရရှိနိုင်ရေး လုပ်ငန်းစဉ် များနှင့် ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်များကို မေးမြန်းကြရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဖြေကြားသည်။

ယင်းနောက် တောင်ပြိုလက်ဝဲ ပြန်လည်လက်ခံရေး စခန်းအတွင်း လှည့်လည်သတင်း ရယူကြသည်။

ဆက်လက်၍ သတင်းအဖွဲ့သည် နှစ်နိုင်ငံ နယ်နိမိတ်မျဉ်းသို့ ရောက်ရှိပြီး နယ်နိမိတ်မျဉ်းအနီး နေထိုင်ကြသူများကို တွေ့ဆုံ သတင်းရယူကြသည်။

ညနေပိုင်းတွင် သတင်းအဖွဲ့သည် စစ်တွေမြို့သို့ ရောက်ရှိကြပြီး လေကြောင်းခရီးဖြင့် ရန်ကုန်မြို့သို့ ပြန်လည်ထွက်ခွာ ခဲ့ကြကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...