Social Icons

Pages

Tuesday, April 24, 2018

ကသာမြို့အနီး ဧရာဝတီမြစ်အတွင်း တရားမဝင်သစ်များ ဖမ်းဆီးရမိလ




ကသာ ၂၄-၄-၂ဝ၁၈

ကသာမြို့နယ် အောက်ဝဲကြီး ကျေးရွာအနီးတွင် ဧပြီ ၂၂ ရက်ညနေ ၃ နာရီ မိနစ် ၃ဝက တရားမဝင် ကညင်သစ်လုံးများ ဖမ်းဆီးရမိကြောင်း ကသာမြို့နယ် သစ်တောဦးစီးဌာနမှ သိရသည်။

ကသာခရိုင်နှင့် ကသာမြို့နယ် သစ်တောဦးစီး ဌာနတို့ ပူးပေါင်း၍ ကသာမြို့နယ် ကျောက်ထုံးကြီး ကျေးရွာအုပ်စု မာဂရီကျေးရွာ အနီးရှိ ဝေအင်းချောင်းတွင် ဧပြီ ၂၂ရက်က သတင်းအရ ရှာဖွေမှုများ ပြုလုပ်ရာ သစ်သယ်ယူ ခွင့်ရသစ်များအတွင်း၌ လုံးပတ် ရှစ်ပေမှ ၁၃ပေ ခန့်ထိရှိသော တရားမဝင်ကညင် သစ်များကို လှေဖောင်တွဲများ အတွင်း၌ တွေ့ရှိရသဖြင့် ကသာခရိုင် သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးသန်းဆင့်၊ကသာမြို့နယ် သစ်တောဦးစီးအရာရှိ ဦးတင်ထွဏ်းနှင့် သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေး ရဲတပ်ဖွဲ့ဝင်များ၊ နယ်မြေခံရဲတပ်ဖွဲ့များနှင့် အတူ အောက်ဝဲကြီးကျေးရွာ အနီးဧရာဝတီမြစ်အရှေ့ဘက်ကမ်းတွင် ဆိုက်ကပ် ထားသောလှေတွဲ နှစ်တွဲနှင့် ရေပုတ်ကျေးရွာအနီး ဆိုက်ကပ်ထားသော လှေတွဲ တစ်တွဲတို့ကို သတင်းအရ ကသာမြို့နယ် ညောင်ခြေထောက်သစ်ဆိပ်သို့ ဆွဲယူဆိုက်ကပ်၍ ယနေ့တွင် စစ်ဆေးရာလှေတွဲ သုံးတွဲမှ တရားမဝင်ကညင်သစ် ၇၂လုံး (၂ဝ၉ ဒသမ၇၂၈တန်) တွေ့ရှိသဖြင့် သစ်လှေတွဲ သုံးတွဲနှင့် သစ်ပိုင်ရှင် ငါးဦးတို့ကို ဖမ်းဆီးခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ သစ်တင်လှေတွဲ သုံးတွဲကို သိမ်းဆည်း၍ သစ်ပိုင်ရှင် အောင်မြင့် (ဘ) ဦးတင်ဝင်း မန္တလေး မဟာအောင်မြေမြို့နယ်၊ ဝေယံကျော် အင်းတော်မြို့နယ်၊ မျိုးဇော် (ဘ) ဦးဘိုညွန့် ဝေဆွယ်ကျေးရွာ ကျောက်ထုံးကြီးအုပ်စု ကသာမြို့နယ်၊ မျိုးတင့် (ဘ) ဦးမျိုးဆွေ မန္တလေး မဟာအောင်မြေမြို့နယ်နှင့် ထွန်းသိန်း(ဘ) ဦးတင်မောင် ဝေဆွယ်ကျေးရွာ ကျောက်ထုံးကြီး အုပ်စုနေသူတို့ကို ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာဌာနမှ စီစဉ်ဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...