Social Icons

Pages

Tuesday, April 24, 2018

အခြားနိုင်ငံများ ကဲ့သို့ နည်းပညာမြင့် ရေလမ်းညွှန် အမှတ်အသားများ ပြသနိုင်ရန် အဆင့်မြင့် စက်ကိရိယာများအပြင် ပညာရှင်များ ပါလိုအပ်နေ



မန္တလေး ၂၄-၄-၂ဝ၁၈

အခြားနိုင်ငံများ ကဲ့သို့ နည်းပညာမြင့် ရေလမ်းညွှန် အမှတ်အသားများ ဧရာဝတီမြစ်အတွင်း ပြသနိုင်ရန် အဆင့်မြင့် စက်ကိရိယာများအပြင် ပညာရှင်များပါ လိုအပ်နေကြောင်း ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မန္တလေးတိုင်းဒေသကြီးမှ တာဝန်ရှိသူတစ်ဦးက ပြောပြသည်။

ဧရာဝတီမြစ်အတွင်း ယခုလက်ရှိ ခရီးသည်တင် သင်္ဘောများ အပါအဝင် ကုန်တင်သင်္ဘောများပါ အန္တရာယ်ကင်းရှင်းစွာ သွားလာနိုင် ရေးအတွက် တန်ဖိုးနည်း ယာယီရေလမ်းညွှန် အမှတ်အသားများ စိုက်ထူပေးလျက် ရှိကြောင်း သိရသည်။

ဧရာဝတီမြစ်အတွင်း တန်ဖိုးနည်း ယာယီရေလမ်းညွှန်အမှတ် အသားများစိုက်ထူရာတွင် သဘာဝဘေးအန္တရာယ်များ အပြင် လူတို့၏ဖျက်ဆီးမှုကြောင့် ပျက်စီးမှုများ ရှိနေကြောင်း၊ ၎င်းရေလမ်းညွှန်အမှတ် အသားများအစား အရှေ့တောင် အာရှနိုင်ငံများအပြင် ဥရောပနိုင်ငံများတွင်ပါ အသုံးပြုနေသည့် ရေလမ်းကြောင်းကို ရှာဖွေပေးနိုင်မည့် GPS ပါဝင်သည့် နည်းပညာ မြင့်မားသော ရေလမ်းညွှန် အမှတ်အသားများကို ပြောင်းလဲတပ်ဆင်ရန် လိုအပ်ကြောင်း သိရသည်။

"တခြားနိုင်ငံတွေမှာ မြစ်တွေထဲမှာပြသထားတဲ့ ရေလမ်းညွှန် အမှတ်အသားတွေက သင်္ကေတတွေ ပိုပြီးထင်ရှားဖို့ မီးအလင်းရောင်တွေ အသုံးပြုပေးထားတယ်။ ပြီးတော့ ရေလမ်းကြောင်း ပြောင်းလို့ တခြားနေရာပြောင်း မယ်ဆိုရင်လဲ ကရိန်းတွေနဲ့ မပြီး ပြန်လည်နေရာ ချပေးတယ်။ ဧရာဝတီမြစ်အတွင်းမှာက ဝါးတိုင်နဲ့ဆိုတော့ ပျက်စီးလိုက်ပြန်စိုက်လိုက်နဲ့ အချိန်လဲကုန်ပါတယ်။ ဖြစ်နိုင်ရင်တော့ တခြားနိုင်ငံတွေလို အဆင့်မြင့် စက်ကိရိယာတွေနဲ့ ပညာရှင်တွေပေါင်းပြီး ရေလမ်းညွှန် အမှတ်အသားတွေ အဆင့်မြှင့်တင် ပေးစေချင်ပါတယ်" ဟု ၎င်းက ဆက်လက်ပြောပြသည်။

ဧရာဝတီမြစ် အတွင်း၌ သဘောင်္များ သောင်တင်မှု မရှိစေရေးအပြင် အန္တရာယ်ကင်းရှင်းစွာ သွားလာနိုင်ရေးအတွက် ဗန်းမော်-မန္တလေး-စဥ့်ကူရေလမ်းကြောင်း တစ်လျှောက်ကို လာမည့်မေလတွင် ရေပေါ်ပြရေလမ်းညွှန် အမှတ် သား အခုရေ၂၄ဝနှင့် ကမ်းပေါ်ပြအမှတ်အသား အခုရေ၁၇ဝစိုက်ထူပေး သွားရန်လျာထားကြောင်း အဆိုပါဦးစီးဌာနမှ သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...