Social Icons

Pages

Tuesday, March 6, 2018

မန္တလေးမြို့ Smart City ဖြစ်လာစေရေး လာမည့် ဘဏ္ဍာနှစ်ခြောက်လ ဘတ်ဂျက်အတွင်း မြို့နယ်ခြောက်မြို့နယ်တွင် စုစုပေါင်း လမ်း ၆ဝ ကျော် အဆင့်မြှင့်တင် ပေးသွားမည်



မန္တလေး ၆-၃-၂ဝ၁၈

မန္တလေးမြို့ Smart City ဖြစ်လာစေရေး လာမည့်ဘဏ္ဍာနှစ် ခြောက်လဘတ်ဂျက် အတွင်းမြို့နယ် ခြောက်မြို့နယ်တွင် ကြားလမ်းများ အပါအဝင် လမ်းစုစုပေါင်း ၆ဝ ကျော်အဆင့်မြှင့်တင် ပေးသွားမည် ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ၊လမ်းတံတားဌာန၊ ဒုတိယဌာနမှူးဦးသန်း ထိုက်ဦးထံမှ သိရသည်။

မန္တလေးမြို့တွင် Green City၊ Clean City အပြင် Smart City အဖြစ်ပါ ရောက်ရှိစေရေး အကောင်အထည် ဖော်ဆောင်ရွက် လျက်ရှိရာ ယခုလာမည့် ဘဏ္ဍာနှစ်တွင် Smart City အဖြစ် ဖော်ဆောင်နိုင်ရေး အတွက် လမ်းများအပါအဝင် ရေမြောင်းနှင့် ပလက်ဖောင်းများကိုပါ အဆင့်မြှင့်တင်မှုများ ပြုလုပ်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာနှစ် ခြောက်လတာ ကာလအတွင်း အဆင့်မြှင့်တင်ပေးရန် လျာထားသည့် လမ်းများမှာ အောင်မြေသာစံ မြို့နယ်တွင် ရှစ်လမ်း၊ ချမ်းအေးသာစံ မြို့နယ်တွင် ၁၂ လမ်း၊ မဟာအောင်မြေ မြို့နယ်တွင် ကိုးလမ်း၊ ချမ်းမြသာစည် မြို့နယ်တွင် ၁၃လမ်း၊ ပြည်ကြီးတံခွန်မြို့နယ်တွင် ရှစ်လမ်းနှင့် အမရပူရမြို့နယ်တွင် ၁၁လမ်းစုစုပေါင်း လမ်း၆၁လမ်း ပြုပြင်နိုင်ရေးအတွက် ငွေကျပ် ၃ ဒသမ ၂ဝ၄ ဘီလီယံသုံးစွဲရန် လျာထားကြောင်း သိရသည်။

အလားတူ မန္တလေးမြို့တွင် ရေမြောင်းနှင့် ပလက်ဖောင်းများကို အဆင့်မြှင့်တင်မှုများ ပြုလုပ်နိုင်ရေးအတွက် အောင်မြေသာစံမြို့နယ်တွင် ခုနစ်ခု၊ ချမ်းအေးသာစံမြို့နယ်တွင် ၁၄ခု၊ မဟာအောင်မြေမြို့နယ်တွင် ၁၄ ခု၊ ချမ်းမြသာစည်မြို့နယ်တွင်၂၁ခု၊ ပြည်ကြီးတံခွန်မြို့နယ်တွင် ခြောက်ခု၊ အမရပူရမြို့နယ်တွင် ငါးခုကို စုစုပေါင်းငွေကျပ် ၃ ဒသမ ၉၆၂ ဘီလီယံ သုံးစွဲရန် လျာထားကြောင်း သိရသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...