Social Icons

Pages

Friday, March 9, 2018

အင်းလေးရေပေါ်ဈေးကို ယခုနှစ် နိုဝင်ဘာလတွင် ဖွင့်လှစ်နိုင်ရန် ဆောင်ရွက်လျက်ရှိ



ညောင်ရွှေ ၉-၃-၂ဝ၁၈

ရှမ်းပြည်နယ် (တောင်ပိုင်း) ညောင်ရွှေ မြို့နယ်ရှိ အင်းလေး ရေပေါ်ဈေးကို ယခုနှစ်နိုဝင်ဘာလတွင် ဖွင့်လှစ်နိုင်ရန် ဆောင်ရွက် လျက်ရှိကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်က ပြောသည်။

''အင်းလေးမှာ ရေပေါ်ဈေး တည်ဆောက်ဖို့ တိုင်ပင်နေကြပါတယ်။ အခုတော့ ရေပေါ်ဈေး တည်ဆောက်နိုင်ဖို့ အရေးကြီးဆုံးဖြစ်တဲ့ နေရာဒေသကို ရွေးချယ်နေပါတယ်'' ဟုပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်က ပြောသည်။

ရေပေါ်ဈေးဆောက်လုပ် နိုင်ရေးနှင့် စက်လှေတည်ဆောက် နိုင်ရေးအတွက် သစ်တောဦးစီးဌာနနှင့် ဆွေးနွေးညှိနှိုင်း၍ လိုအပ်သည့် သစ်များရရှိစေရန် ဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။

ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန အနေဖြင့် ခရီးသွားဧည့်သည်များ ဝင်ရောက်မှု တိုးတက်လာစေရန် ခရီးစဉ်သစ်များ ဖော်ထုတ်ခြင်းနှင့် ဈေးကွက်မြှင့်တင် ခြင်းများ ဆောင်ရွက်နိုင်ရေးအတွက် ဆက်စပ်ဝန်ကြီးဌာန၊ ပုဂ္ဂလိက အဖွဲ့အစည်းများ၊ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်လျက်ရှိရာ ယခုအခါ အင်းလေး ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ ဒေသခံပြည်သူများ အလုပ်အကိုင်ပိုမို ရရှိလာရေးနှင့် ဈေးကွက်မြှင့်တင်ဆောင်ရွက် နိုင်ရေးတို့အတွက် အင်းလေး ရေပေါ်ဈေးကို တည်ဆောက်ရန် စီစဉ်နေခြင်း ဖြစ်သည်။

''အခု ရေပေါ်ဈေးဆောက်ဖို့ စဆွေးနွေး နေပါပြီ။ ဒီကိစ္စကို တကယ်လုပ်မယ် ဆိုရင်နိုဝင်ဘာလ လောက်မှာ ပြီးစီးပါတယ်'' ဟု ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်က ပြောသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...