Social Icons

Pages

Thursday, March 8, 2018

ရန်ကုန်တိုင်း ဒေသကြီးအတွင်း ကုန်ဈေးနှုန်း ကြီးမြင့်နေခြင်းကြောင့် အခြေခံဝင်ငွေ နည်းပြည်သူများ၏ စားဝတ်နေရေး အဆင်ပြေရန် အခက်အခဲများစွာတွေ့ ကြုံနေရ



ရန်ကုန် ၈-၃-၂ဝ၁၈

ရန်ကုန်တိုင်း ဒေသကြီးအတွင်း၌ ကုန်ဈေးနှုန်း ကြီးမြင့်နေခြင်းကြောင့် အခြေခံဝင်ငွေ နည်းပြည်သူများ၏ စားဝတ်နေရေး အဆင်ပြေစေရန် အခက်အခဲများစွာ တွေ့ကြုံနေရကြောင်း ရန်ကုန်တိုင်းဒေသကြီး ကျောက်တံတား မြို့နယ် မဲဆန္ဒနယ်အမှတ် (၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်မြလှစံထံမှ သိရသည်။

ကုန်ဈေးနှုန်းကြီးမြင့်မှု၏ အကျိုးဆက်အနေဖြင့် မသမာမှုများ၊ ဒုစရိုက်မှုများ ကြီးထွားလာနိုင်သဖြင့် တိုင်းဒေသကြီးအတွင်းကုန် ဈေးနှုန်းတည်ငြိမ် စေရေးဆောင်ရွက်ရန် လိုအပ်ကြောင်း သိရသည်။

ထို့ကြောင့် ရန်ကုန်တိုင်းဒေသကြီး အတွင်း ကုန်ဈေးနှုန်း တည်ငြိမ်စေရန် ကြိုတင်ပြင်ဆင်မှု လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး ကုန်ဈေးနှုန်း မြင့်တက်ခြင်းကို ဖြစ်ပေါ်စေသည့် အကြောင်းရင်းများ ဖြစ်သော ကုန်ကြမ်းထုတ်လုပ်မှု စရိတ်ကြီးမြင့်ခြင်း၊ သယ်ယူပို့ဆောင် စရိတ်ကြီးမြင့်ခြင်း၊ လျှပ်စစ်လုံလောက်စွာ မရရှိခြင်း၊ အလုပ်အကိုင် အခွင့်အလမ်း နည်းပါးခြင်းစသည့် ပြဿနာများကို ဦးစားပေးဖြေရှင်း ဆောင်ရွက်နေကြောင်း သိရသည်။

''ရန်ကုန်တိုင်း ဒေသကြီးရဲ့ GDP တိုးတက်စေဖို့ စိုက်ပျိုးရေးနဲ့ မွေးမြူရေး ကဏ္ဍကို အလေးထား ဆောင်ရွက် ပေးနေပါတယ်။ တစ်ဖက်မှာလည်း နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုအနေနဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေ တိုးတက်ရရှိစေဖို့အထည်ချုပ်လုပ်ငန်း တွေကိုပိုပြီး ခွင့်ပြုပေးနေပါတယ်'' ဟု ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ တာဝန် ရှိသူတစ်ဦးက ပြောသည်။

ရန်ကုန်တိုင်း ဒေသကြီး၌ ကုန်ဈေးနှုန်း ကြီးမြင့်သည့် အခြေအနေ တွေ့ကြုံနေရသည် ဆိုသော်လည်း ကိန်းဂဏန်း မှတ်တမ်းများအရ တစ်ဦးချင်းဝင်ငွေ အများဆုံးနှင့် ငွေကြေးဖောင်းပွမှု အနည်းဆုံး တိုင်းဒေသကြီးအဖြစ် ရပ်တည်နေကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...