Social Icons

Pages

Thursday, March 8, 2018

ချောက်မြို့နယ်တွင် မီးလောင်မှုဖြစ်ပွား လူနေအိမ်အလုံး ၂ဝ နှင့် တိရစ္ဆာန်များ ပျက်စီးဆုံးရှုံး



ချောက် ၈-၃-၂ဝ၁၈

မကွေးတိုင်းဒေသကြီး ချောက်မြို့နယ် ဆားလယ် ကျေးရွာအုပ်စု အိုးဘိုကျေးရွာ အရှေ့မြောက်ထောင့်တွင် ယနေ့နံနက် ၁၁ နာရီမိနစ် ၅ဝ ခန့်က မီးလောင်ရာ လူနေအိမ်နှင့် တိရစ္ဆာန်များ မီးလောင်ဆုံးရှုံးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

မီးလောင်မှုဖြစ်ပွားရာသို့ ရေနံချောင်းမြို့နယ် မီးသတ်ဦးစီးမှူး ဦးဆောင်၍ မီးသတ်ယာဉ် နှစ်စီး၊ ပင်ဝကျေးရွာမှ မီးသတ်ယာဉ်တစ်စီး၊ ရွှေရောင်လင်း ဓာတ်ဆီဆိုင်မှ ရေဘောက်ဆာ တစ်စီး၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ရဲတပ်ဖွဲ့ ဝင်များနှင့် ကျေးရွာလူထုမှ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ မွန်းလွဲ ၁ နာရီတွင် မီးလုံးဝငြိမ်းသွားခဲ့ကြောင်း သိရသည်။

အဆိုပါ မီးလောင်မှုကြောင့် လူနေအိမ်အလုံး ၂ဝ၊ ဆိုင်ကယ်ခုနစ်စီး၊ စက်ဘီး သုံးစီး၊ ဆိတ်အကောင် ၈ဝ၊ နွားတစ်ကောင်၊ ဝက်သုံးကောင် မီးလောင်ဆုံးရှုံးခဲ့ပြီး အိမ်ထောင်စု ၂ဝ၊ လူ ၁ဝ၂ဦး အိုးမဲ့အိမ်မဲ့ဖြစ်ပွားခဲ့ကာ ခန့်မှန်းတန်ဖိုးငွေကျပ် ၈၆၄၈ဝဝဝခန့် ပျက်စီးဆုံးရှုံးခဲ့ကြောင်း၊ မီးဘေးသင့်ပြည်သူများကို အမက (အိုးဘို) တွင် နေရာချထားပေးပြီး စားသောက်ရေး၊ နေထိုင်ရေး၊ ကျန်းမာရေးတို့အတွက် စီစဉ်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...