Social Icons

Pages

Thursday, March 15, 2018

ရန်ကုန်-မန္တလေး အမြန်လမ်းမပေါ်တွင် အဝေးပြေးကုန်တင် ယာဉ်ကြီးများ ဖြတ်သန်းသွားလာခွင့် ရရှိရေး တောင်းဆိုထား



မန္တလေး ၁၅-၃-၂ဝ၁၈

ရန်ကုန်-မန္တလေး အမြန်လမ်းပေါ်တွင် အဝေးပြေး ကုန်တင်ယာဉ်ကြီးများ ဖြတ်သန်းသွားလာခွင့် ရရှိရေး တောင်းဆိုထားကြောင်း မြန်မာနိုင်ငံ အဝေးပြေးကုန်စည် ပို့ဆောင်ရေး ဝန်ဆောင်မှုလုပ်ငန်း ရှင်များအသင်း (မန္တလေး)မှ သိရသည်။

မြန်မာနိုင်ငံ အနယ်နယ် အရပ်ရပ်ရှိ ကုန်တင်ယာဉ်ကြီးများ အနေဖြင့် ရန်ကုန်-မန္တလေး အမြန်လမ်းကို ဖြတ်သန်းခွင့် ပိတ်ထားသောကြောင့် သွားလာခွင့်ပြု နိုင်ရေးအတွက် ဆောက်လုပ်ရေး ဝန်ကြီးဌာနသို့ တင်ပြထားကြောင်းမြန်မာနိုင်ငံအဝေးပြေး ကုန်စည်ပို့ဆောင်ရေး ဝန်ဆောင်မှုလုပ်ငန်း ရှင်များအသင်း (မန္တလေး) မှ အတွင်းရေးမှူး ဦးကျော်သူရက ပြောပြသည်။

"ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ရှိတယ်ဆိုတာက တစ်မျိုးပေါ့။ အခုကျွန်တော်တို့ စဉ်းစားမိတာကတော့ Express ကားတွေကကုန်တွေ အဆမတန် တင်နေကြတယ်။ သူတို့ကြတော့ အမြန်လမ်းသုံးခွင့်ရပြီး ကျွန်တော်တို့လို ကုန်တင်ယာဉ် တွေအနေနဲ့ လမ်းဟောင်းပဲ သုံးနေရတာဆိုတော့ အချိန်ပိုကြာတယ်။ အဲဒါကြောင့်ယှဉ်ပြိုင်မှုက မမျှတဘူးလို့မြင်တယ်။ အဲဒါကြောင့် ဆောက်လုပ်ရေးဝန်ကြီးဆီကို (ပြည်ထောင်စုဝန်ကြီး) တင်ပြလိုက်တာပါ"ဟု ၎င်းက ဆက်လက်ပြောပြသည်။

ထိုကဲ့သို့ တင်ပြထား သော်လည်းအမြန်လမ်းတွင် အဝေးပြေး ကုန်တင်ယာဉ်ကြီးများ ဖြတ်သန်းသွားလာခွင့်ကို ပေးဖွယ် မရှိသေးကြောင်း သိရသည်။

လက်ရှိအချိန်တွင် ရန်ကုန်မန္တလေး အမြန်လမ်းကို ပုပ်သိုးကုန်များ၊ စာနယ်ဇင်းများနှင့် ဟင်းသီးဟင်းရွက်တင် ခြောက်ဘီးယာဉ်များကို ကန့်သတ်ချက်ဖြင့် သွားလာခွင့်ပြုထားကြောင်း သိရသည်။

ရန်ကုန်-မန္တလေး အမြန်လမ်းသည် မိုင်အားဖြင့် ၃၈၆ မိုင် ရှိကာရန်ကုန်-မန္တလေး (လမ်းဟောင်း) ကားလမ်းသည် မိုင် ၄ဝဝ ကျော်ရှိကြောင်း ၎င်းကဆက်လက် ပြောပြ၍ သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...