Social Icons

Pages

Thursday, March 15, 2018

မန္တလေးမြို့တွင် ယာဉ်ကြောပိတ်ဆို့ ရှုပ်ထွေးမှုများ ဖြေရှင်းနိုင်ရေး စင်ကာပူနိုင်ငံက အသုံးပြုနေသည့် နည်းလမ်းအတိုင်း လုပ်ဆောင်သွားရန် မဖြစ်နိုင်သေးဟုဆို



မန္တလေး ၁၅-၃-၂ဝ၁၈

မန္တလေးမြို့တွင် ယာဉ်ကြောပိတ်ဆို့ ရှုပ်ထွေးမှုများကို ဖြေရှင်းနိုင်ရေး စင်ကာပူနိုင်ငံက အသုံးပြုသည့် နည်းလမ်းအတိုင်း လုပ်ဆောင်သွားရန် မဖြစ်နိုင်သေးကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောပြသည်။

မန္တလေးမြို့တွင် တစ်နှစ်ထက်တစ်နှစ် မြို့နေလူဦးရေများပြား လာသည့်အပြင် ကား၊ ဆိုင်ကယ် စီးနင်းသူများမှာလည်း ပိုမိုများပြား လျက်ရှိကြောင်း၊ လက်ရှိတွင် လမ်းအသုံးပြုသူ ပိုမိုများပြားလာမှုကြောင့် အဓိကလမ်းမကြီး များတွင် ယာဉ်ကြောပိတ်ဆို့ရှုပ်ထွေးမှု ဒဏ်ကိုခံစားနေရကြောင်း၊ အဆိုပါ ယာဉ်ကြောပိတ်ဆို့ ရှုပ်ထွေးမှုများကို ဖြေရှင်းနိုင်ရန်အတွက် စင်ကာပူနိုင်ငံက ယာဉ်ကြောပိတ်ဆို့မှု ဖြေရှင်းသည့် နည်းလမ်းအတိုင်း ဖြေရှင်းရန်မှာလည်း မဖြစ်နိုင်သေးကြောင်း သိရသည်။

ယခုလက်ရှိ စင်ကာပူနိုင်ငံတွင် ယာဉ်ကြောပိတ်ဆို့မှု ပြဿနာကို ဖြေရှင်းပုံဖြေရှင်းနည်းမှာ အဓိကလမ်းမကြီးအချို့တွင် ယာဉ်ရပ်နားရန် အစီးရေ ၁ဝဝပြည့်သည် ထိခွငြ့်ပုထားပြီး ခွင့်ပြုယာဉ်အစီးရေ ထပ်မံ၍ ၃ဝထိရှိလာပါက တစ်ဒေါ်လာမှစ၍ ငွေကြေးစတင်ကောက်ခံကာ အစီးရေ ၅ဝ ထက်ကျော်လာပါက ပျမ်းမျှဒေါ်လာ သုံးဒေါ်လာခန့်ထိ ကောက်ခံမှုများကြောင့် သတ်မှတ်အစီးရေ အတိုင်းယာဉ်ရပ်နားမည်ဖြစ်ရာ ယာဉ်ကြောပိတ်ဆို့ရှုပ်ထွေးမှုကို လျှော့ချပေးနိုင်ကြောင်း သိရသည်။

"စင်ကာပူနိုင်ငံက နည်းလမ်းအတိုင်း မန္တလေးမြို့မှာရှိတဲ့ အဓိက လမ်းမကြီးတွေမှာ ယာဉ်ကြော ရှုပ်ထွေးမှုကိုဖြေရှင်းဖို့ အရင်ကနာရီပိုင်းနဲ့ ယာဉ်ရပ်နားခတွေကို ကောက်ခံပေမယ့် မပေးချင်တဲ့ လူတွေကများတယ်။ ဒါကြောင့် စင်ကာပူနိုင်ငံလို ဖြစ်လာဖို့ မဖြစ်နိုင်သေးဘူး။ တွေ့တဲ့နေမှာ ပါကင်ထိုးပြီး ကြိုက်တဲ့နေရာမှာယာဉ်တွေ ရပ်နေကြတာဖြစ်ပါတယ်"ဟု ၎င်းက ဆက်လက် ပြောပြသည်။

မန္တလေးမြို့ လက်ရှိအဓိက လမ်းမကြီးများတွင် ယာဉ်ကြောပိတ်ဆို့ ရှုပ်ထွေးမှုများကို လျှော့ချနိုင်ရေး အတွက် ဆင်ဆာမီးပွိုင့် ၃၂ခုကို တပ်ဆင်အသုံးပြုထားပြီး ယခုဘဏ္ဍာနှစ်အတွင်း၌ ဆင်ဆာမီးပွိုင့်အခုရေ ၅ဝ ထပ်မံတိုးချဲ့တပ်ဆင်သွားရန် လျာထားကြောင်း သိရသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...