Social Icons

Pages

Thursday, March 22, 2018

ပခုက္ကူ-မြိုင်ကားလမ်း ကိုးပင်ကျေးရွာ အနီးတွင် ဆီပီပါ တင်ဆောင်ထားသော မော်တော်ယာဉ်တစ်စီး မီးလောင်မှုဖြစ်ပွား



ပခုက္ကူ ၂၂-၃-၂ဝ၁၈

ပခုက္ကူ-မြိုင်ကားလမ်း ပခုက္ကူမြို့နယ် ကိုးပင်ကျေးရွာအနီး ဆီပီပါများ တင်ဆောင်ထားသော မော်တော်ယာဉ်တစ်စီး မီးလောင်မှု ဖြစ်ပွားကြောင်း သိရသည်။

ပခုက္ကူမြို့နယ် ကိုးပင်ကျေးရွာ အနီးပခုက္ကူ-မြိုင် ကားလမ်းမိုင်တိုင် အမှတ် ၄ မိုင်၆ဖာလုံအနီး မြိုင်ဘက်မှ ပခုက္ကူဘက်သို့ ယာဉ်မောင်း (စိစစ်ဆဲ) မောင်းနှင်၍ ဒီဇယ်ပီပါ ၁၇ လုံးတင်ဆောင် ထားသည့် YGN
3G/---- ISUZU ခြောက်ဘီး အဖြူရောင်ယာဉ်သည် မတ် ၂ဝ ရက်ည ၇ နာရီမိနစ် ၃ဝ ခန့်က မီးစတင်လောင်ကျွမ်း ခဲ့ခြင်းဖြစ်သည်။

မီးလောင်မှုကြောင့် ယာဉ်ပေါ်ပါ ဒီဇယ်ပီပါ ၁၇ လုံးအတွင်းမှ ဒီဇယ်ဂါလန် ၁၅ဝ ခန့် မော်တော်ယာဉ်နှင့် မီးအပူရှိန်ကြောင့် ပခုက္ကူမြို့ အမှတ် (၂) ဓာတ်အားခွဲရုံးမှ ကိုင်းကျေးရွာသို့ ဆက်သွယ်ထားသည့် 11kv မီးကြိုးသုံးချောင်းပြတ်ကျသဖြင့် လျှပ်စစ်ဓာတ်အား ပြတ်တောက်ခြင်းများ ဆုံးရှုံးမှု ဖြစ်ပွားခဲ့သည်။

မီးလောင်ရာသို့ ပခုက္ကူမြို့နယ် အုပ်ချုပ်ရေးမှူး ဦးမြင့်ဆောင်၊ ခရိုင်မီးသတ်ဦးစီးမှူး ဦးကျော်နိုင်နှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် ရဲတပ်ဖွဲ့ဝင်များ၊ အမှတ် (၁၁) နှင့်အမှတ် (၃) ရပ်ကွက်တို့မှ အရန်မီးသတ် တပ်ဖွဲ့ဝင်များနှင့် မီးသတ်ယာဉ် ခြောက်စီးတို့ဖြင့် ငြှိမ်းသတ်ခဲ့ရာ ည ၈ နာရီမိနစ်၃ဝ ခန့်က မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ပခုက္ကူ မြို့မရဲစခန်းက (ပ)၈ဝ၇/၂ဝ၁၈၊ ပုဒ်မ-၂၈၅ဖြင့် စုံစမ်းစစ်ဆေး လျက်ရှိပြီး မီးလောင်မှုကြောင့် လူ၊တိရစ္ဆာန် ထိခိုက်သေဆုံးမှု မရှိကြောင်း သတင်းရရှိသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...