Social Icons

Pages

Thursday, February 22, 2018

မကွေးတိုင်း ဒေသကြီးအတွင်း ကျေးလက်ဒေသများ သောက်သုံးရေ လုံလောက်စွာရရှိရေး ဆောင်ရွက်လျက်ရှိ




မကွေး ၂၂-၂-၂ဝ၁၈

၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာနှစ်တွင် မကွေးတိုင်းဒေသကြီးအတွင်း ကျေးလက်ဒေသများ သောက်သုံးရေ လုံလောက်စွာ ရရှိရေးအတွက် လုပ်ငန်းပေါင်း ၂၄ဝကို လျာထား ဆောင်ရွက်လျက်ရှိကြောင်း မကွေးတိုင်းဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရသည်။

မကွေးတိုင်းဒေသကြီး မြို့နယ် ၂၅ မြို့နယ်ရှိ ကျေးရွာများ တွင်သောက်သုံးရေ လုံလောက်စွာ ရရှိရေးအတွက် ၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာနှစ်တွင် တွင်းတိမ်ခြောက်တွင်း၊ တွင်းနက် ၁၄ဝတွင်း၊ လက်တူးတွင်း ငါးတွင်း၊ မြေသားရေကန် ၃၂ကန်၊ စိမ့်စမ်းရေသွယ်ယူခြင်း လုပ်ငန်း ခုနစ်ခု၊ အခြားရေရရှိ ရေးလုပ်ငန်း ၅ဝ စုစုပေါင်းလုပ်ငန်း ၂၄ဝကို လျာထားဆောင်ရွက် လျက်ရှိကြောင်း မကွေးတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်ဆွေက ပြောပြသည်။

ယခုဘဏ္ဍာနှစ်တွင် ကျေးလက် ဒေသဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာန ခွင့်ပြုရန်ပုံငွေဖြင့် တွင်းနက် ၂၈ တွင်း၊ လက်တူးတွင်း ခြောက်တွင်း၊ မြေသားရေကန် ၁၉ကန်၊ စိမ့်စမ်းရေ သွယ်ယူခြင်းလုပ်ငန်း နှစ်ခု၊ အခြားရေရရှိရေးလုပ်ငန်း ၄၅ခု စုစုပေါင်းလုပ်ငန်း ၁ဝဝတို့ကိုလည်းကောင်း၊ နိုင်ငံတော်ပံ့ပိုးရန်ပုံငွေဖြင့် တွင်းနက် ခုနစ်တွင်း၊ မြေသားရေကန်လေးကန်၊ အခြားရေရရှိရေး လုပ်ငန်းတစ်ခု စုစုပေါင်း လုပ်ငန်း ၁၂ခုကိုလည်းကောင်း၊ မကွေးတိုင်းဒေသကြီး အစိုးရရန်ပုံငွေဖြင့် တွင်းနက် ၂၂တွင်းကိုလည်းကောင်း၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနှင့် UNICEF တို့ပူးပေါင်းပြီး အိမ်တိုင်ရာရောက် ရေမီတာစနစ်သုံး အနေဖြင့် ကျေးရွာပေါင်း ၃ဝ တွင်လည်းကောင်း သောက်သုံးရေ ရရှိရေး အကောင်အထည် ဖော်ဆောင်ရွက် ပေးနိုင်ခဲ့ကြောင်း ၎င်းကဆက်လက် ပြောပြသည်။

ကျေးလက်ဒေသများ သောက်သုံးရေ ရရှိရေးအတွက် နှစ်နှစ်တာကာလအတွင်း ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ငွေကျပ် ၂၇၂၃ ဒသမ ၇၅၃ သန်းထိ သုံးစွဲကာ ကျေးရွာများ သောက်သုံးရေ ဖူလုံစွာရရှိရေးအတွက် ဆောင်ရွက်ထားကြောင်း မကွေးတိုင်း ဒေသကြီး စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ သိရသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...