Social Icons

Pages

Tuesday, February 13, 2018

ရန်ကုန်မြို့၌ (၇၁) နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားကျင်းပ



ရန်ကုန် ၁၃-၂-၂ဝ၁၈

(၇၁) နှစ်မြောက် ပြည်ထောင်စုနေ့ နိုင်ငံတော် အလံအလေးပြုပွဲ အခမ်းအနားကို ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး ကျောက်တံတားမြို့နယ်ရှိ မဟာဗန္ဓုလပန်းခြံ လွတ်လပ်ရေး ကျောက်တိုင်ရှေ့၌ ကျင်းပသည်။

ထို့နောက် မဟာဗန္ဓုလပန်းခြံ လွတ်လပ်ရေး ကျောက်တိုင်ရှေ့သို့ ရန်ကုန်တိုင်းစစ်ဌာနချုပ် ကိုယ်စားပြု ဂုဏ်ပြုတပ်ခွဲမှ စစ်ရေးပြမှူး ဗိုလ်မှူးအောင်သူထွန်း ဦးစီးသည့် ဂုဏ်ပြု တပ်ခွဲ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲတီးဝိုင်းအဖွဲ့နှင့် အခမ်းအနားသို့ တက်ရောက်လာသူများက မိမိတို့၏ သတ်မှတ်နေရာ အသီးသီး၌ နေရာယူကြသည်။

ဆက်လက်၍ အခမ်းအနားသို့ တက်ရောက်လာကြသူများက ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် အလံအား အလေးပြုကြရာ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲတီးဝိုင်းအဖွဲ့က နိုင်ငံတော်သီချင်းကို တီးမှုတ်ကြကြောင်း သိရသည်။

ဆက်လက်၍ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတထံမှ ပေးပို့သော (၇၁) နှစ်မြောက် ပြည်ထောင်စုနေ့ သဝဏ်လွှာကို ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဖတ်ကြားသည်။

အဆိုပါ အခမ်းအနားသို့ ရန်ကုန်တိုင်း ဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ် ဦးဝင်းဆွေ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်သက်ပုံ၊ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင် ထွန်း၊ တိုင်းဒေသကြီး လွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင် ဝန်ကြီးများ၊ တပ်မတော်အရာရှိ ကြီးများ၊ တိုင်းဒေသကြီးဥပဒေချုပ်၊ တိုင်းဒေသကြီး စာရင်းစစ်ချုပ်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီများ၊ ဌာနဆိုင်ရာမှ တာဝန်ရှိသူများ၊ လူမှုရေး အသင်းအဖွဲ့များ၊ တိုင်းရင်းသား၊ တိုင်းရင်းသူများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ခရိုင်မြို့နယ်များမှ ဒေသခံပြည်သူများ တက်ရောက်ကြကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...