Social Icons

Pages

Friday, February 2, 2018

ထိုင်းနိုင်ငံ ဖူးခက်မြို့သို့ မြန်မာအမျိုးသား လေကြောင်း တိုးချဲ့ပျံသန်း ပြေးဆွဲမည်



ရန်ကုန် ၂-၂-၂ဝ၁၈

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၊ မြန်မာအမျိုးသား လေကြောင်းက ပဉ္စမမြောက်နိုင်ငံ တကာခရီးစဉ်အဖြစ် ထိုင်းနိုင်ငံ၊ ဖူးခက်မြို့သို့ တိုးချဲ့ပျံသန်းပြေးဆွဲ သွားမည်ဖြစ်ကြောင်း သိရသည်။

ထိုသို့ ပျံသန်းပြေးဆွဲရာတွင် မြန်မာအမျိုးသား လေကြောင်းအနေဖြင့် Embraer-190/Boeing 737-800 NG လေယာဉ်များဖြင့် မတ် ၂၅ ရက်မှ စတင်၍ တစ်ပတ်လျှင်နှစ်ကြိမ် တနင်္ဂနွေနေ့နှင့် သောကြာနေ့တို့တွင် ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ် Terminal(2) မှ မတ် ၂၅ရက် ဒေသစံတော်ချိန် ညနေ ၅ နာရီ ၅၅ မိနစ်တွင် စတင်ထွက်ခွာပြီး ထိုင်းနိုင်ငံ၊ ဖူးခက်မြို့သို့ ၈နာရီ ၁၅မိနစ်တွင် ရောက်ရှိမည်ဖြစ်ပြီး ဖူးခက်မြို့မှ ဒေသစံတော်ချိန် ၉နာရီ ၁၅မိနစ်တွင် ပြန်လည်ထွက်ခွာလာရာ ၁ဝနာရီ ၃၅မိနစ်တွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ပြန်လည်ဆိုက်ရောက်မည် ဖြစ်ကြောင်းနှင့် အဆိုပါ ရန်ကုန်-ဖူးခက်ခရီးစဉ် (အသွား/အပြန်) လေယာဉ်နှုန်းထားမှာ အမေရိကန်ဒေါ်လာ ၂၅ဝ မှ စတင်ကောက်ခံ သွားမည် ဖြစ်ကြောင်း သိရသည်။

မြန်မာအမျိုးသား လေကြောင်းသည် နိုင်ငံတကာ ခရီးစဉ်များ ဖြစ်သည့် ၂ဝ၁၅ခုနှစ် သြဂုတ် ၁၇ရက်တွင် ရန်ကုန်-စင်ကာပူ၊ ၂ဝ၁၅ခုနှစ် ဒီဇင်ဘာ ၄ရက်တွင် ရန်ကုန်ဟောင်ကောင်၊ ၂ဝ၁၆ခုနှစ် ဖေဖော်ဝါရီ ၂ဝရက်တွင် ရန်ကုန်-ဗန်ကောက်၊ ၂ဝ၁၆ခုနှစ် နိုဝင်ဘာ ၄ ရက်တွင် ရန်ကုန်-ချင်းမိုင်မြို့တို့သို့ ပြေးဆွဲခဲ့ပြီး ယခုနှစ်သစ် မတ်၂၅ရက်တွင် ရန်ကုန်မြို့မှ ထိုင်းနိုင်ငံ၊ ဖူးခက်မြို့သို့ ခရီးစဉ်သစ် ထပ်မံတိုးချဲ့ ပြေးဆွဲသွားမည် ဖြစ်သည်။

မြန်မာအမျိုးသား လေကြောင်းသည် ၁၉၄၈ ခုနှစ်မှစတင်၍ ရပ်တည်ခဲ့ရာ ယခုနှစ်တွင် နှစ်ပေါင်း ၇ဝ ပြည့်မြောက်ပြီ ဖြစ်ကြောင်း သိရသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...