Social Icons

Pages

Tuesday, February 13, 2018

ပုပ္ပားတောင် ဝန်းကျင်ဧရိယာ၌ ရေစီးရေလာ ကောင်းမွန်ရေးနှင့် အဆောက်အအုံများ စနစ်တကျ ဆောက်လုပ်သင့်



ကျောက်ပန်းတောင်း ၁၃-၂-၂ဝ၁၈

ပုပ္ပားတောင်ဝန်းကျင် ဧရိယာတွင် သဘာဝရေထွက်တွင်း ၇ဝ ခန့်ရှိပြီး တောင်၏ရေစီး ရေလာကောင်းမွန်ရေးနှင့် အဆောက်အအုံများ ဆောက်လုပ်ရာတွင် စနစ်တကျ တည်ဆောက်ရေးအတွက် အစီအစဉ်တကျ ဆောင်ရွက် သင့်ကြောင်း ဘူမိဗေဒဆိုင်ရာ ကျွမ်းကျင်ပညာရှင်များက အကြံပြုကြသည်။

ပုပ္ပားတောင်ကလပ်အနီး မြေပြိုမှုမကြာခဏ ဖြစ်ပွားနေသဖြင့် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် ဘူမိဗေဒ ဆိုင်ရာကျွမ်းကျင်ပညာရှင် ၁၂ ဦးသည် ပုပ္ပားတောင်မကြီးနှင့် အနီးပတ်ဝန်းကျင်နေရာ များသို့ သွားရောက်လေ့လာခဲ့ပြီး ဖေဖော်ဝါရီ ၁ဝ ရက်တွင် ခေတ္တရပ်နားကာ ယခုလကုန်တွင် နောက်တစ်ကြိမ်ထပ်မံ စစ်ဆေးမည် ဖြစ်ကြောင်း သိရသည်။

''မြေကြီးအနက်ထဲ ရောက်အောင် တွင်းတွေတူးပြီး မြေသားအခြေအနေ ကိုကြည့်မယ်။ ဒီလိုမြေပြိုတာကို ရပ်အောင်လုပ်လို့ မရပါဘူး။ လျော့နည်းအောင် ဘယ်လိုလုပ်မလဲ ဆိုတဲ့နည်းလမ်းကို ရှာရမှာပါ။ အခုတွေ့ရှိတာတွေကို တိုင်းဒေသကြီး အစိုးရအဖွဲ့ကို တင်ပြမယ်'' ဟု မြန်မာနိုင်ငံ ဘူမိသိပ္ပံအသင်းမှ ဒေါက်တာစိုးမိုးကျော်ဝင်းက ပြောသည်။

ပုပ္ပားတောင်မကြီးသည် အမြင့်ပေ ၄၉၈၁ ပေရှိပြီး ပုပ္ပားတောင်ဝန်းကျင် ဧရိယာသည် သဘာဝအလျောက် မြေပြိုနိုင်သဖြင့် မြေပြိုမှု အန္တရာယ်လျော့နည်း စေရေး ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများအား စနစ်တကျ ဆောင်ရွက်ရန်လိုအပ်ကြောင်း ပညာရှင်များက နိုင်ငံတော်အစိုးရနှင့် ဒေသခံပြည်သူများအား အကြံပြုထားကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...