Social Icons

Pages

Friday, January 19, 2018

ရန်ကုန်မြို့ရှိ မျက်စိအထူးကု ဆေးရုံကြီးကို အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများ အမြန်ဆုံး ဆောင်ရွက်ပေးရန် စီစဉ်လျက်ရှိဟုဆို



ရန်ကုန် ၁၉-၁-၂ဝ၁၈

ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ် နတ်မောက်လမ်းရှိ မျက်စိအထူးကုဆေးရုံကြီး အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများကို အမြန်ဆုံးဆောင်ရွက်ပေး သွားရန် စီစဉ်လျက်ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောပြ၍ သိရသည်။

အဆိုပါ ဆေးရုံကြီးတွင် မြန်မာတစ်နိုင်ငံလုံးမှ မျက်စိရောဂါနှင့် ပတ်သက်သူများ လာရောက်ပြသမှုများ ပြားနေခြင်းကြောင့် ပြင်ပလူနာဌာနတွင် တန်းစီစောင့်ရမှု ကြာမြင့်ခြင်းများ ဖြစ်ပေါ်နေပြီး ပြသသည့် လူဦးရေမှာလည်း တစ်နှစ်ထက်တစ်နှစ် များပြားလာကြောင်း သိရသည်။

"ဆေးရုံအုပ်ကြီးကလဲ ခွဲစိတ်ခန်းနှင့် ပြင်ပလူနာဌာနတွေ ပါဝင်တဲ့ နှစ်ထပ်ဆောင် ဆောက်လုပ်ပေးဖို့နဲ့ ဝန်ထမ်းအင်အားတိုးမြှင့် ခန့်ထားပေးဖို့ တင်ပြထားပေမယ့် ၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာနှစ်မှာ ဝန်ထမ်းအိမ်ရာကို ဦးစားပေးဆောင်ရွက်မှာဖြစ်လို့ ၂ဝ၁၉-၂ဝ၂ဝ ဘဏ္ဍာနှစ်မှာ အမြန်ဆုံးဆောင်ရွက်ပေးမှာ ဖြစ်ပါတယ်။ သင်ကြားမှု အခန်းတွေကိုလဲ အမြန်ဆုံးလုပ်ပေးပါမယ်။ ဒါပေမဲ့လဲ တင်ပြချက်တွေကို ဗဟိုကအဖွဲ့၊တိုင်းဒေသကြီးအဖွဲ့တို့နဲ့ ကွင်းဆင်းပြီး အသေးစိတ် ပြန်လည်လေ့လာပြီး လိုအပ်ရင်လိုအပ်သလို ၂ဝ၁၈-၂ဝ၁၉ ဘတ်ဂျက်မှာ ထည့်သွင်းဆောင်ရွက်မှာ ဖြစ်ပါတယ်"ဟု ပြည်သူ့လွှတ်တော်တွင် ဇန်နဝါရီ ၁၇ ရက်ကကျင်းပသည့် ဒုတိယ အကြိမ်ပြည်သူ့လွှတ်တော် သတ္တမပုံမှန် အစည်းအဝေး ဒုတိယနေ့တွင် ဒေါပုံမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဌေးဝင်းအောင် (ခ) ဦးပြုံးချို၏ မေးမြန်းချက်ကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာ မြင့်ထွေးက ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ဆေးရုံကြီးတွင် ၂ဝ၁၃ ခုနှစ်မှ ၂ဝ၁၇ ခုနှစ်အတွင်း တစ်ရက်လျှင် ပျမ်းမျှလူနာအနည်းဆုံး ၂၄၇ဦးမှ အများဆုံး ၃၈၃ဦးထိ လာရောက်ပြသမှုများ ရှိနေကြောင်း၊ ဆေးရုံကြီးတွင်နေ့စဉ် ပြသနေသည့် ပြပလူနာများ ပြားလွန်းသဖြင့် နေရာမဆံ့ဖြစ်နေပြီး အချိန်ကြာမြင့်စွာ စောင့်ဆိုင်းနေရကြောင်း သိရသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...