Social Icons

Pages

Monday, January 8, 2018

ရန်ကုန်အဝေးသင် တက္ကသိုလ်နှင့် မန္တလေးအဝေးသင်တက္ကသိုလ်တို့ ကိုပူးပေါင်း၍ အမျိုးသားအဝေးသင်တက္ကသိုလ် အဖြစ်ဖွဲ့စည်းရန်စီစဉ်



ရန်ကုန် ၈-၁-၂ဝ၁၈

အဆင့်မြင့်ပညာကဏ္ဍ၌ ရန်ကုန်အဝေးသင် တက္ကသိုလ်နှင့် မန္တလေးအဝေးသင် တက္ကသိုလ်တို့ကို ပူးပေါင်း၍ အမျိုးသား အဝေးသင်တက္ကသိုလ် အဖြစ်ဖွဲ့စည်းရန် စီစဉ်လျက်ရှိကြောင်း ပညာရေးဝန်ကြီးဌာန အဆင့်မြင့် ပညာဦးစီးဌာန တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

''အဝေးသင်တက္ကသိုလ် တက်ရောက်တဲ့ ကျောင်းသား၊ ကျောင်းသူဦးရေက နေ့သင်တန်းတက်တဲ့ ဦးရေထက် ပိုများတယ်။ ဒါကြောင့် အဝေးသင်စနစ်ကို ထိရောက်တဲ့သင်ကြား၊ သင်ယူမှုတွေဖြစ်အောင် အရည်အသွေးမြှင့်တင် ဖို့လိုအပ်ပါတယ်။ ရန်ကုန် အဝေးသင်တက္ကသိုလ်နဲ့ မန္တလေးအဝေးသင် တက္ကသိုလ်တို့ကို ပူးပေါင်းပြီး အရည်အသွေး ပိုမိုကောင်းမွန်တဲ့ အဝေးသင်ပညာရေး စနစ်ပေါ်ထွက်လာဖို့ ဆောင်ရွက်မှာပါ'' ဟု ၎င်းကပြောသည်။

အဝေးသင်တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူများ၏ သင်ကြားရေး အစီအစဉ်အတွက် အီလက်ထရွန်နစ် သင်ယူမှုဌာန (e- Education Learning Centre) ပေါင်း ၆၂၄ ခုကို မြို့နယ်အသီးသီး၌ ဖွင့်လှစ်ထားပြီး သင်ခန်းစာများ ကိုလည်း ရန်ကုန်အဝေးသင် တက္ကသိုလ်၏ ဝက်ဘ်ဆိုက် www.yude.edu.mm  မှတစ်ဆင့် ၂၄ နာရီ အချိန်ပြည့် အခမဲ့ထုတ်လွှင့် ပြသနိုင်ရန် စီစဉ်ထားကြောင်း သိရသည်။

အလားတူ ဝိဇ္ဇာ၊ သိပ္ပံ၊ ဥပဒေ၊ စီးပွားရေးနှင့် ပေါင်းစပ်ဘာသာရပ် အထူးပြု ကျောင်းသားများအတွက် Data Broadcasting System ဖြင့် ပို့ချမည့်အပြင် သိပ္ပံဘာသာရပ်များမှအပ ကျန်ဘာသာရပ်များကို အနီးကပ်သင်တန်း များပို့ချမည်ဖြစ်ကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...