Social Icons

Pages

Tuesday, January 30, 2018

သီတဂူဝိပဿနာ တက္ကသိုလ်တွင်ထားရှိမည့် ခေတ်အဆက်ဆက်က ခြင်္သေ့ရုပ်တုများကို သီတဂူဆရာတော်ကြီးမွေးနေ့အမီ အပြီးထုလုပ်သွားမည်



မန္တလေး ၃ဝ-၁-၂ဝ၁၈

စစ်ကိုင်းမြို့ စစ်ကိုင်းတောင်ရိုးရှိ အပြည်ပြည်ဆိုင်ရာ သီတဂူဝိပဿနာ တက္ကသိုလ်တွင် မြန်မာနိုင်ငံ၏ ခေတ်အဆက်ဆက်မှ ခြသေ့င်္ရုပ်တုပုံစံတူများ ထားရှိရန်အတွက် ကျန်ရှိနေသည့် ခေတ်အဆက်ဆက်က ခြင်္သေ့ရုပ်တုများကို လာမည့် တပေါင်းလပြည့်နေ့တွင် ကျရောက်မည့် သီတဂူဆရာတော်ကြီး (၈၁)နှစ် မွေးနေ့အမီ အပြီးထုလုပ်သွားမည် ဖြစ်ကြောင်း တာဝန်ယူပြုလုပ် ဆောင်ရွက်နေသည့် ဇေယျာရပ်ကွက်ရှိ အိမ်မွန်ပန်းပုစတူဒီယိုမှ ပန်းပု ပညာရှင် ဆရာဦးစိုးအောင်က ပြောပြသည်။

သီတဂူဆရာတော်ကြီး ဒေါက်တာဘဒ္ဒန္တဥာဏိဿရ၏ အပြည်ပြည်ဆိုင်ရာ သီတဂူဝိပဿနာတက္ကသိုလ်တွင် မြန်မာနိုင်ငံ၏ ခေတ်အဆက်ဆက်က ခြသေ့င်္ရုပ်တုများနှင့် နိုင်ငံတကာမှ ခြသေ့င်္ရုပ်တုပုံများအတိုင်း စုစုပေါင်း ခြသေ့င်္ရုပ်တု ၃၆ခု ထားရှိသွားမည်ဖြစ်ကြောင်း၊ ထိုသို့ထားရှိရန်အတွက် စစ်ကိုင်းမြို့ ဇေယျာရပ်ကွက်ရှိ အိမ်မွန်ပန်းပု စတူဒီယိုကို မြန်မာနိုင်ငံ၏ ခေတ်အဆက်ဆက်က ခြသေ့င်္ရုပ်တု ၁၈ ခုထုလုပ်ပေးရန် သီတဂူ ဆရာတော်ကြီး က မှာယူခဲ့ကြောင်း၊ လက်ရှိတွင် ခေတ်အဆက်ဆက် ခြသေ့င်္ရုပ်တု ၁၄ ခု ထုလုပ်ပြီးစီးခဲ့ပြီး ကျန်ရှိနေသည့် ခြသေ့င်္ ရုပ်တုများကို သီတဂူဆရာတော်ကြီး မွေးနေ့အမီအပြီး ထုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

"မြန်မာနဲ့ပတ်သက်ရင် ခေတ်ရှစ်ခေတ်ပါ။ ပျူ၊ ပုဂံ၊ ပင်းယ၊ ပထမအင်းဝ၊ ဒုတိယအင်းဝ(ခေါ်) ညောင်ရမ်း၊ ကုန်းဘောင်ခေတ်ဦး၊ အမရပူရ၊ ရတနာပုံ အဲဒီခေတ်တွေက ခြင်္သေ့ရုပ်တုတွေ ထုလုပ်ရတယ်။ တစ်ခေတ်ကို ရုပ်တုနှစ်ခုထုလုပ်ရပါတယ်။ ပြီးတော့ အိန္ဒိယနိုင်ငံ အသောကခေတ် အသောက ကျောက်တိုင်ကလိုပါ။ အသောက ကျောက်တိုင်က ခြင်္သေ့ရုပ်တုက တစ်ခြမ်းပဲ လုပ်ထားတာ။ ခုဟာကရုပ်လုံးလုပ်ရမှာပါ။ အဲဒီလို ခေတ်တွေက ခြင်္သေ့ရုပ်တု တွေထုလုပ်ဖို့အတွက် ကုန်းဘောင်ခေတ် ဦးဆိုကုန်းဘောင်ခေတ်ဦးနဲ့ ပတ်သက်တဲ့ အထောက်အထားတွေ လိုက်ရှာရတယ်။ ကုန်းဘောင်ခေတ်ဦး ခြသေ့င်္ဒီဇိုင်းက နည်းတာမဟုတ်ဘူး။ တစ်ခေတ်ထဲမှာကို ပန်းပုဆရာတစ်ယောက်ချင်းရဲ့ လက်ရာကမတူပါဘူး။ အဲဒီထဲကမှ (မြန်မာမှုဗိသုကာပညာရှင်) ဆရာ ဦးဝင်းမောင်နဲ့ တိုင်ပင်ပြီး ဒီဇိုင်းရွေးတာပါ"ဟု တာဝန်ယူပြုလုပ် ဆောင်ရွက်နေသည့် ဇေယျာရပ်ကွက်ရှိ အိမ်မွန်ပန်းပု စတူဒီယိုမှ ပန်းပုပညာရှင်ဆရာ ဦးစိုးအောင်က ပြောပြ၍ သိရသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...