Social Icons

Pages

Friday, January 12, 2018

ပီပါခွံဟောင်းများဖြင့် ဖုံးအုပ်သယ်ဆောင်လာသည့် တရားမဝင် ကျောက်စိမ်းအရိုင်းတုံးများ ဖမ်းဆီးရမိ



ကာမိုင်း ၁၂-၁-၂ဝ၁၈

ကချင်ပြည်နယ် ကာမိုင်းမြို့တွင် ဇန်နဝါရီ ၁ဝ ရက်က ပီပါခွံအဟောင်းများဖြင့် ဖုံးအုပ်သယ်ဆောင်လာသည့် တရားမဝင် ကျောက်စိမ်း အရိုင်းတုံးများကို နန့်တိန်းစစ်ဆေးရေး ဂိတ်တွင် ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။

ကချင်ပြည်နယ် ကာမိုင်းမြို့ကပ်မှော်ဇွတ်ကျေးရွာ နန့်တိန်း စစ်ဆေးရေးဂိတ်တွင် ဇန်နဝါရီ ၁ဝ ရက် ညနေ ၄နာရီ မိနစ် ၃ဝက ဖားကန့်မှ မြစ်ကြီးနားသို့ ယာဉ်မောင်း သိုက်ထွန်းမောင်းနှင်လာသော ယာဉ်အမှတ် ၃က/----ပါအပြာရောင် တုန်ဖုန်းယာဉ်ကို ရပ်တန့်စစ်ဆေးရာ ယာဉ်ပေါ်တွင် သံချေးတက်နေသည့် ပီပါခွံများဖြင့် ဖုံးအုပ်လျက် အဝါရောင်ပီနံအိတ်များဖြင့် ထုပ်ပိုးထားသည့် တရားမဝင်ကျောက်စိမ်း အရိုင်းတုံးအရွယ်စုံ ၆၈၃တုံး အလေးချိန် ၁၅၆ဝ ကီလိုဂရမ်ကို စစ်ဆေးတွေ့ရှိခဲ့သည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ တရားမဝင် ကျောက်စိမ်း အရိုင်းတုံးများ လျှို့ဝှက်၍ သယ်ဆောင်လာသည့် သိုက်ထွန်း ဗန်းမော်မြို့နေသူကို ကာမိုင်းနယ်မြေ ရဲတပ်ဖွဲ့စခန်းက (ပ)၂/၂ဝ၁၈၊ ကျောက်မျက်ဥပဒေပုဒ်မ ၄၂(က)အရ အမှုဖွင့်အရေးယူ ထားကြောင်း သတင်းရရှိသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...