Social Icons

Pages

Friday, January 12, 2018

ကြက်သွန်နီဈေးနှုန်းများ လာမည့်တစ်ပတ်အထိ ဆက်လက်ကျဆင်းနိုင်



ရန်ကုန် ၁၂-၁-၂ဝ၁၈

ဘုရင့်နောင်ကုန်စည်ဒိုင်ရှိ ကြက်သွန်နီ လက်ကားဈေးကွက်အတွင်း ကြက်သွန်နီ ဈေးနှုန်းများ အနည်းငယ်ပြန်ကျလာပြီး လာမည့်တစ်ပတ်အထိ ဆက်လက်ကျဆင်း နိုင်ကြောင်း မြန်မာနိုင်ငံ ကြက်သွန်နီ၊ ကြက်သွန်ဖြူနှင့် စားဖိုဆောင်သီးနှံစိုက်ပျိုး ထုတ်လုပ်ရောင်းချ သူများအသင်း ဥက္ကဋ္ဌဦးခင်ဟန်ထံမှ သိရသည်။

ဘုရင့်နောင်ကုန်စည်ဒိုင်၌ ကြက်သွန်နီ တစ်ပိဿာလျှင် ငွေကျပ် ၂၂ဝဝ မှ ၂၇ဝဝ အထိဈေးနှုန်းရှိပြီး မြစ်သားကြက်သွန်နီ တစ်ပိဿာလျှင် ငွေကျပ် ၂၈ဝဝ မှ ၃၅ဝဝ အထိ ဈေးနှုန်းရှိကြောင်း၊ လတ်တလောတွင် နယ်အသီးသီးမှ ကြက်သွန်နီအသစ်များ အနည်းငယ်စီ ဝင်ရောက်လျက်ရှိကာ နောက်ပိုင်းတွင် ကြက်သွန်နီအဝင်များလာပါက ဈေးနှုန်းများ ဆက်လက် ကျဆင်းနိုင်ကြောင်း သိရသည်။

ပြည်တွင်း၌ မိုးကြက်သွန်နီကို ဇူလိုင်နှင့် သြဂုတ်လတို့တွင် စိုက်ပျိုးကာ နိုဝင်ဘာနှင့် ဒီဇင်ဘာလတို့တွင် ရောင်းချကြပြီး ကုန်းမြင့်ဒေသများမှာ ဇူလိုင်လတွင် စိုက်ပျိုးပြီး နိုဝင်ဘာလတွင် ရောင်းချ လေ့ရှိကြောင်း၊ ဆောင်း ကြက်သွန်နီများကို နိုဝင်ဘာနှင့် ဒီဇင်ဘာလတို့တွင် စိုက်ပျိုးပြီး မတ်လနှင့်ဧပြီလတို့တွင် ရောင်းချလေ့ရှိကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...