Social Icons

Pages

Monday, December 11, 2017

ကွတ်ခိုင်မြို့နယ်အတွင်း တရားမ၀င်သစ်များ ဖမ်းဆီးရမိ



ဖမ်းဆီးရမိယာဉ်၊ တရားမဝင်သစ်များကို တွေ့ရစဉ်။

နေပြည်တော် ၁၁-၁၂-၂၀၁၇

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့နယ်အတွင်း တရားမဝင်သစ်များ သယ်ဆောင်နေကြောင်း သတင်းအရ နယ်မြေခံ တပ်မတော်သားများနှင့် ကွတ်ခိုင်မြို့နယ် သစ်တောဦးစီးဌာနမှ တာဝန်ရှိသူများ ပါဝင်သော ပူးပေါင်း အဖွဲ့ဖြင့် ယနေ့နံနက်ပိုင်းတွင် ရှာဖွေစစ်ဆေးမှုများ ပြုလုပ်ခဲ့ရာ ကွတ်ခိုင်မြို့အထွက် Oriental Highway Co., Ltd. တိုးဂိတ်၌ လားရှိုးဘက်မှ မူဆယ်ဘက်သို့ ယာဉ်မောင်း ပြည့်ဖြိုးအောင်(ဘ) ဦးခင်မောင်တင် မောင်းနှင်လာပြီး ဦးမြင့်ကျော်ဦး (ဘ) ဦးမဲတူ လိုက်ပါလာသည့် ယာဉ်အမှတ်၊ MDY - 5I---- ၁၈ ဘီး၊ UD အမျိုးအစား (အဖြူရောင်) တွဲယာဉ်ပေါ်တွင် တရားမဝင် တင်ဆောင်လာသော ပိတောက်ဓားရွေတုံး ၁၂ဝ တုံး(ခန့်မှန်းတန် ၈ ဒသမ ၂ တန်ခန့်)၊ ပိတောက်သစ်လုံး ၃ဝ လုံး (ခန့်မှန်း ၃ တန်ခန့်) စုစုပေါင်း ခန့်မှန်း ၁၁ ဒသမ ၂ တန်ခန့်နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

ဖမ်းဆီးရမိသူများနှင့် တရားမဝင်သစ်များအား ကွတ်ခိုင်မြို့မရဲစခန်းသို့ စနစ်တကျ လွှဲပြောင်းအပ်နှံခဲ့ကြောင်း သတင်းရရှိသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...