Social Icons

Pages

Friday, December 15, 2017

ကောင်းမှုတော် စေတီတော်၏ ရွှေထီးတော်ကို ငွေကျပ်သိန်း ၇ဝဝဝခန့် အကုန်အကျခံ၍ ဒုတိယအကြိမ်မြောက် ရွှေစင်ရွှေ ပြားများ ကပ်လှူပူဇော်မည်



စစ်ကိုင်း ၁၅-၁၂-၂၀၁၇

စစ်ကိုင်းမြို့၏ ဂုဏ်ကျက်သရေဆောင် ရာဇမဏိစူဠာ ကောင်းမှုတော် စေတီတော်မြတ်ကြီး၏ ရွှေထီးတော်ကို ငွေကျပ်သိန်း ၇ဝဝဝခန့် အကုန်အကျခံ၍ ဒုတိယအကြိမ်မြောက် ရွှေစင်ရွှေပြားများ ကပ်လှူပူဇော်သွားမည်ဖြစ်ကြောင်း ဂေါပကအဖွဲ့ထံမှ သိရသည်။

ရာဇမဏိစူဠာ ကောင်းမှုတော်စေတီ တော်မြတ်ကြီး၏ သြဝါဒါစရိယဆရာတော် ကြီးများ၏ သြဝါဒနှင့်အညီ စေတီတော်ကြီး၏ ထီးတော်ကြီးအပေါ်ပိုင်း (ငှက်ပျောဖူးမှ စိန်းဖူးတော်အထိ) အမြင့် ၁၄ပေကို ရွှေစင် တစ်ကျပ်ခွဲသားရှိ ကိုးလက်မပတ်လည် ရွှေစင်ရွှေပြားများ ကပ်လှူပူဇော်ပြီး ယခုအခါ ကျန်ရှိနေသည့် ထီးတော်ကြီး အောက်ခြေပိုင်း အမြင့် ၁၂ပေ၊ အောက်ခြေပတ်လည် ၅၈ ပေ ခန့်ကျယ်ဝန်းသည့် ထီးတော်အပိုင်းကို ရွှေစင်ရွှေပြား အပြည့်ကပ်လှူ ပူဇော်သွားမည် ဖြစ်ကြောင်း သိရသည်။

"ထီးတော်ကြီးကို ရွှေစင်ရွှေပြားအပြည့် ကပ်လှူမှာပါ။ငွေကျပ် သိန်း ၇ဝဝဝ လောက်ကုန်ကျပါမယ်။ အရင်ကထီးတော် အပေါ်ပိုင်း စိန်ဖူးတော်ထိ ကပ်လှူတာဆိုတော့ရွှေ လေးပိဿာနဲ့ ၆ဝ ကျပ်သား ကုန်ပါတယ်။
အခုက ထီးတော်ကြီး အပြည့်ရွှေစင်ရွှေပြား ကပ်လှူမယ်ဆိုတော့ ရွှေ ခြောက်ပိဿာနဲ့ ၄ဝ ကျပ်သားကုန်ကျမှာပါ" ဟု ကောင်းမှုတော် စေတီတော် ဂေါပကဥက္ကဋ္ဌ ဦးတုပ်က ပြောပြသည်။

ရာဇမဏိစူဠာ ကောင်းမှုတော် စေတီတော်မြတ်ကြီး၏ ရွှေထီးတော်ကို ရွှေစင်ရွှေပြားများ အပြည့်ကပ်လှူ ပူဇော်သွားမည် ဖြစ်သဖြင့် စေတနာရှင် အလှူရှင်များ အနေဖြင့် ထည့်ဝင်လှူဒါန်းလိုပါက ဂေါပကအဖွဲ့ထံသို့ ဆက်သွယ်လှူဒါန်း နိုင်ကြောင်း သိရသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...