Social Icons

Pages

Wednesday, November 1, 2017

တနင်္သာရီတိုင်းဒေသကြီး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC-S) (၁၃) ကြိမ်မြောက် အစည်းအဝေးပြုလုပ်၊ ဒေသခံပြည်သူများနှင့်တွေ့ဆုံ၊ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်


တနင်္သာရီတိုင်း ဒေသကြီး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ြ့ကြည့်ေ်ရေး ကော်မတီ (JMC-S) ၏ (၁၃) ကြိမ်မြောက် အစည်းအဝေး ကျင်းပစဉ်။

နေပြည်တော် ၁-၁၁-၂၀၁၇

တနင်္သာရီတိုင်းဒေသကြီး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC-S) ၏ (၁၃) ကြိမ်မြောက် အစည်းအဝေးကို အောက်တိုဘာ ၃ဝ ရက် နေ့လယ်ပိုင်းတွင် မြိတ်မြို့ရှိ ကော်မတီရုံးအစည်းအဝေး ခန်းမ၌ ပြုလုပ်သည်။

ဦးစွာ တနင်္သာရီတိုင်းဒေသကြီး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီဥက္ကဋ္ဌ ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်လင်းအောင်က အမှာစကားပြောကြားသည်။ ထို့နောက်ဒုတိယ ဥက္ကဋ္ဌများနှင့် ကော်မတီအဖွဲ့ဝင်များက ကော်မတီ၏ လုပ်ငန်းတာဝန်များနှင့် ရှေ့လုပ်ငန်းစဉ်များအား ဆွေးနွေးညှိနှိုင်းကြသည်။

အလားတူ တိုင်းဒေသကြီး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC-S) ကော်မတီဝင်များသည် ယနေ့နံနက်ပိုင်းတွင် ပုလောမြို့နယ်၊ ပြည်ခြားကျေးရွာရှိ ကရင်နှစ်ခြင်းခရစ်ယာန် ဘုရားရှိခိုး ကျောင်း၌ ဒေသခံပြည်သူများနှင့် တွေ့ဆုံ၍ကော်မတီ၏ လုပ်ငန်းဆောင်ရွက်ချက်များကို မှတ်တမ်းဓာတ်ပုံများဖြင့် ရှင်းလင်းပြသကြရာ ဒေသခံပြည်သူများက သိရှိလိုသည်များ ပြန်လည်ဆွေးနွေး ခဲ့ကြသည်။

ထို့ပြင်တိုင်းစစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေးအဖွဲ့က ပြည်ခြားကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူများအား အဆိုပါ ကရင်နှစ်ခြင်း ခရစ်ယာန်ဘုရားရှိခိုးကျောင်း၌ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။ ထိုသို့ဆောင်ရွက်ပေးရာတွင် အရိုးရောဂါ၊ ခွဲစိတ်ရောဂါ၊ သားဖွား/ မီးယပ်ရောဂါ၊ ကလေးရောဂါနှင့် အထွေထွေရောဂါ ဝေဒနာရှင် ဒေသခံပြည်သူ ၁၁၅ ဦးကို လိုအပ်သည့်ဆေးဝါး ကုသမှုများ ဆောင်ရွက် ပေးပြီး ဓာတ်မှန်ရိုက်ခြင်း၊ နှလုံးခုန်နှုန်း စစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...