Social Icons

Pages

Monday, October 9, 2017

ရွှေဆံတော်စေတီပေါ်သို့ တက်ရောက်မည့် သူများကို ဝင်ကြေးကောက်ခံမည့် အစီအစဉ် ပြန်လည်သုံးသပ် ပေးရန်တင်ပြထား



ညောင်ရွှေ ၉-၁၀-၂၀၁၇

ပုဂံရှေးဟောင်းယဉ်ကျေးမှု နယ်မြေ၏ နေဝင်ဆည်းဆာအလှကို ကြည့်ရှုရန်အတွက် ရွှေဆံတော်စေတီပေါ်သို့ တက်ရောက်မည့် သူများအား ကန့်သတ်သည့်အနေဖြင့် အောက်တိုဘာ ၁၅ ရက်မှစ၍ ဝင်ကြေးကောက်ခံမည့် အစီအစဉ်ကို ပြန်လည်သုံးသပ်ပေးရန် မြန်မာနိုင်ငံခရီးသွား လုပ်ငန်းအဖွဲ့ချုပ်က တင်ပြထားကြောင်း ယင်းအဖွဲ့ချုပ်မှ သိရသည်။

လက်ရှိတွင် ပုဂံရှေးဟောင်း ယဉ်ကျေးမှု နယ်မြေသို့ လာရောက်သည့် နိုင်ငံခြားခရီးသွား ဧည့်သည်များကို ဝင်ကြေးအဖြစ် ငွေကျပ်နှစ်သောင်းငါးထောင် ကောက်ခံနေပြီး ယခုရွှေဆံတော် စေတီပေါ်သို့ တက်ရောက်သူများကို မြန်မာနိုင်ငံသားတစ်ဦးလျှင် ငွေကျပ်နှစ်ရာ၊ နိုင်ငံခြားသားတစ်ဦးလျှင် ငွေကျပ်နှစ်ထောင် ထပ်မံကောက်ခံရန် စီစဉ်နေခြင်းဖြစ်သည်။

ထို့ပြင် ကြိုတင်အကြောင်း မကြားဘဲ ရွှေဆံတော်စေတီတော်သို့ တက်ရောက်သူများကို ဝင်ကြေးထပ်မံ ကောက်ခံနေခြင်းသည် ပြည်တွင်းခရီးသွား လုပ်ငန်း၏ပုံရိပ်ကို ထိခိုက်စေနိုင်သည့်အတွက် ပြန်လည်စဉ်းစား
သုံးသပ်ပေးနိုင်ရန် အောက်တိုဘာ ၃ ရက်က ဟိုတယ်နှင့်ခရီးသွား လာရေးဝန်ကြီးဌာနသို့ စာပေးပို့ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#Themyawadaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...