Social Icons

Pages

Tuesday, October 3, 2017

မလှိုင်မြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်း၍ နေအိမ်များအတွင်း ရေများဝင်ရောက်



မလှိုင် ၃-၁၀-၂၀၁၇

မန္တလေးတိုင်းဒေသကြီး မလှိုင်မြို့နယ်တွင် ယနေ့နံနက် ၁ နာရီမိနစ် ၃ဝ က မိုးသည်းထန်စွာရွာ သွန်းခဲ့သဖြင့် ကူကြီးကုန်းကျေးရွာအုပ်စု မျက်သီးကျင်းတောင်ရွာ လူနေအိမ်များအတွင်း တစ်ပေခွဲခန့်ရေများ ဝင်ရောက်ခဲ့ကြောင်း သိရသည်။

ယနေ့တွင် မလှိုင်မြို့နယ်အတွင်း မိုးရေချိန် ၃ ဒသမ ၂ လက်မ ထိရွာသွန်းခဲ့သဖြင့် သိမ်ကုန်းချောင်း၊ ကုန်းတဲဆည်နှင့် ထန်းပင်ကောက်ရေပိုလွှဲမှ ထွက်ရှိသောရေများ မျက်သီးကျင်းတောင်ရွာရှိ လူနေအိမ်များအတွင်း ဝင်ရောက် ခဲ့ခြင်းဖြစ်ပြီး မျက်သီးကျင်း တောင်ရွာသည် အိမ်ခြေ ၄၇အိမ်၊လူဦးရေ ၁၉၁ဦးနေထိုင်လျက်ရှိရာ အိမ်ခြေ ၄၇လုံးရေဝင်ရောက်ခြင်း ဖြစ်ကြောင်း၊ ရေဝင်ရောက်မှုကြောင့် လူနှင့်တိရစ္ဆာန်များ၊ စိုက်ခင်းမြေများ ပျက်စီးဆုံးရှုံးမှု မရှိကြောင်း သိရသည်။

ရေဝင်ရောက်သည့် ကျေးရွာသို့ဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်လွင်၊ မြို့မရဲစခန်းမှူး ဒုတိယရဲမှူး သန်းထွန်းနှင့် ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ် ဦးစီးမှူး ဇေယျာအောင်နှင့် မီးသတ်တပ်ဖွဲ့ဝင်များ သွားရောက်၍ လိုအပ်သည်များ ကူညီဆောင်ရွက် ပေးခဲ့ကြကြောင်း သိရသည်။

လက်ရှိတွင် ချက်ပြုတ်စား သောက်ရန် အခက်အခဲရှိသဖြင့် ကူကြီးကုန်း၊ သရက္ကန်နှင့် မျက်သီးကျင်း မြောက်ရွာတို့မှ ထမင်း၊ ဟင်းထုပ်များ ဝေငှပေးခဲ့ပြီး မလှိုင်မြို့ပါရမီ လူမှုကူညီရေးအသင်း၊ ဗလငါးတန်ဖွံ့ဖြိုး တိုးတက်ရေး အသင်းနှင့် ပန်းအိုင်ကျေးရွာ ဓမ္မဃောသကအဖွဲ့တို့က သောက်ရေသန့်များ၊ ခေါက်ဆွဲထုပ်များနှင့် မုန့်များလာရောက်လှူဒါန်း ခဲ့ကြောင်း သိရသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...