Social Icons

Pages

Monday, September 4, 2017

ရခိုင်ပြည်နယ်အတွင်းရှိ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဒေသခံပြည်သူများအတွက် ထောက်ပံ့ပစ္စည်းများအား တပ်မတော် လေယာဉ်ဖြင့် ဆက်လက်ပို့ဆောင်၊ ဒေသခံ တိုင်းရင်းသား ပြည်သူများ လက်ဝယ်သို့ လိုက်လံထောက်ပံ့ ပေးလှူ





နေပြည်တော် ၄-၉-၂၀၁၇

ရခိုင်ပြည်နယ်အတွင်း နိုင်ငံတော် လုံခြုံရေးနှင့် ကာကွယ်ရေး တာဝန်များကို သက်စွန့်ကြိုးပမ်း ဆောင်ရွက် လျက်ရှိသည့် လုံခြုံရေး တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ARSA အစွန်းရောက် ဘင်္ဂါလီ အကြမ်းဖက်သမား များ၏ အကြမ်းဖက် တိုက်ခိုက်မှု ဖြစ်စဉ်များကြောင့် နေရပ်စွန့်ခွာ တိမ်းရှောင်နေရသည့် ဒေသခံ ပြည်သူများ အတွက် တပ်မတော် (ကြည်း၊ ရေ၊ လေ)မိသားစုများနှင့် အနယ်နယ် အရပ်ရပ်မှ စေတနာရှင် အလှူရှင် များက လှူဒါန်းသည့် စားသောက်ကုန်များနှင့်လူသုံးကုန်ပစ္စည်းများဖြစ်သည့် ထောက်ပံ့ ပစ္စည်းများ အား စစ်တွေလေဆိပ်သို့ ဆက်လက် ပို့ဆောင်ပေးလျက်ရှိသည်။

အဆိုပါ စားသောက်ကုန်များနှင့် လူသုံးကုန် ပစ္စည်းများတွင် အဝတ်အထည် ၁ဝဝဝ ထည်၊ ဟင်းရွက်ဆီဘူး ၁ဝဝဝ ဘူး၊ ငါးပိဘူး ၇ဝဝ ဘူး၊ အာဟာရမှုန့် ၁၅ ဖာ၊ မိုးကာလိပ် ၁ဝ လိပ်၊ ငါးသေတ္တာ ၂ဝ ဖာနှင့် ငါးထုပ်၊ အာလူး အိတ် ၄ဝ အိတ် ၊ ကြက်သွန်နီ ၁၂ အိတ်၊ ချင်းတစ်အိတ်၊ စောင်ထုပ် သုံးထုပ်၊ အသင့်စား ငါးပိငါး ခြောက်၊ အကြော်စုံ ၅၉ ဖာနှင့် ၆ဝ ဘူး၊ ကြက်ဥ ၁၂၈ဝဝ လုံး၊ ခေါက်ဆွဲ၁ဝ ဖာနှင့် ခေါက်ဆွဲခြောက်၊ ကြာဇံ ၃၅ဝ ဖာ၊ ကော်ဖီမစ်ပါကင် ထုပ် ၁ဝ ထုတ်၊ လက်ဖက်နှပ်ပါကင်ထုပ် လေးထုပ်၊ ဘီစကွတ်အစုံပါကင် ထုပ် ၃ဝ ထုပ်၊ ကြက်အူချောင်း ထုပ် ၂ဝ ထုပ်၊ အသားစုစည်သွတ်ဘူး ၉ဝဖာ၊ အဝတ်အထည်၊ စောင်၊ ခြင်ထောင် ၁၉ ထုပ်တို့ ပါဝင်ပြီး ရန်ကုန်တိုင်း စစ်ဌာနချုပ်မှ တပ်မတော်သားများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဝင်များက လေယာဉ် ပေါ်သို့ တင်ဆောင်ပေးကြရာ တိုင်းမှူးဗိုလ်ချုပ်သက်ပုံနှင့် အဖွဲ့ဝင်များက သွားရောက်ကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များ ညှိနှိုင်း ဆောင်ရွက် ပေးသည်။

အဆိုပါ တပ်မတော်သယ်ယူပို့ဆောင်ရေး Y-8 လေယာဉ်သည် ယနေ့ နေ့လယ်ပိုင်းတွင် မင်္ဂလာဒုံ လေတပ်စခန်း ဌာနချုပ်မှ စစ်တွေလေဆိပ်သို့ ပို့ဆောင်ပေးရာ မွန်းလွဲပိုင်းတွင် ရောက်ရှိခဲ့သည်။ အလားတူ တပ်မတော်(ကြည်း၊ ရေ၊ လေ) မိသားစုများနှင့် အနယ်နယ် အရပ်ရပ်မှ စေတနာရှင် အလှူရှင်များက လှူဒါန်း သည့် ကြက်ဥ ၈ဝဝဝ လုံး၊ အာလူး ၆ဝဝ ပိဿာ၊ဝက်အူချောင်း ၅ဝဝ ပိဿာ၊ ကြက်သွန်နီ ၆ဝဝ ပိဿာ၊ ပဲကတ္တီပါ ၄ဝ အိတ်၊ ဘီစကစ် နှင့် ယမ်ယမ် ခေါက်ဆွဲခြောက် ၆၅ ဖာ၊ အင်္ကျီ ၅ဝဝ ထည်တို့ကို ယနေ့ညနေပိုင်း တွင် တပ်မတော်လေယာဉ်ဖြင့် တံတားဦးမြို့ရှိ နယ်မြေခံလေတပ်စခန်းမှ စစ်တွေလေဆိပ်သို့ ပို့ဆောင် ပေးသည်။

ထို့အတူ နေရပ်စွန့်ခွာ ရွှေ့ပြောင်း ရောက်ရှိနေသည့် တိုင်းရင်းသား ပြည်သူများ လက်ဝယ်သို့ အနောက်ပိုင်း တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မောင်မောင်စိုးနှင့် အဖွဲ့ဝင်များ၊ လုံခြုံရေး တပ်ဖွဲ့ဝင်များက နေရာ အသီးသီး၌ လိုက်လံထောက်ပံ့ ပေးအပ်လျက်ရှိရာ ရသေ့တောင်မြို့နယ်၊ သဇင်မြိုင်ကျေးရွာ၊ ပိတောက် မြိုင်ကျေးရွာ၊ ပြင်ရှည်ကျေးရွာ၊ ချွတ်ပြင် ကျေးရွာနှင့် အောင်ဇေယျကျေးရွာများရှိ ဒေသခံ တိုင်းရင်းသားပြည်သူ ၁၃၈၃ ဦးတို့ ကို ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...