Social Icons

Pages

Friday, September 8, 2017

စဥ့်ကူးမြို့နယ် ပြကျေးရွာနှင့် ညောင်ပင်ကျေးရွာအနီး ဧရာဝတီကမ်းစပ်မှ တရားမဝင် ၄၂ ဒသမ ၄ဝ တန်ရှိ ကျွန်းသစ်လုံး ၂၉၂လုံးဖမ်းဆီးရမိ



စဥ့်ကူး ၈-၉-၂၀၁၇

မန္တလေးတိုင်းဒေသကြီး စဥ့်ကူးမြို့နယ် ရွှေကျင်ကျေးရွာအုပ်စု ရွှေကျင်သစ်တောဘိနယ် ပြကျေးရွာအနီးနှင့် ညောင်ပင်သာကျေးရွာကြား ဧရာဝတီမြစ်ကမ်းစပ်တွင် တရားမဝင်သစ်ဖောင် နှစ်ဖောင်မှ အိမ်ဟောင်းတိုင်၊ သစ်နှင့်ခွဲသားများ ဖုံးအုပ်ကာ ၄၂ဒသမ ၄ဝတန်ရှိ တရားမဝင်ကျွန်းသစ်လုံး ၂၉၂လုံးဖမ်းဆီးရမိခဲ့ကြောင်း မြို့နယ်သစ်တောဦးစီးဌာနမှ သိရသည်။

ရွှေဘိုခရိုင် သစ်တောဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်သောအဖွဲ့ဝင် ရှစ်ဦးပါဝင်သည့် ဧရာဝတီမြစ်ကြောင်း စိုးမိုးရေး၊ ဖမ်းဆီးရေးအဖွဲ့နှင့် စဥ့်ကူးမြို့နယ် သစ်တောဦးစီးဌာန ဦးစီးအရာရှိ ဦးဗိုလ်တင်လင်း၊မြန်မာနိုင်ငံ သစ်တောရဲတပ်ဖွဲ့နှင့် သစ်တောဝန်ထမ်းများ ပါဝင်သော ပူးပေါင်းအဖွဲ့သည် စက်တင်ဘာ ၄ရက် ညနေ ၅နာရီ မိနစ် ၃ဝက သတင်းအရ စဥ့်ကူးမြို့နယ် ဧရာဝတီမြစ်အရှေ့ဘက်ကမ်းတွင်ဆိုက်ကပ်ထားသော တရားမဝင် သစ်ဖောင် နှစ်ဖောင်ကို တွေ့ရှိ ဖမ်းဆီးခဲ့သည်။

မန္တလေးတိုင်းဒေသကြီး ဧရာဝတီမြစ်ကြောင်းစိုးမိုးရေး၊ ဖမ်းဆီးရေးအဖွဲ့တာဝန်ရှိသူတို့သည် ဖမ်းဆီးရမိသည့် သစ်ဖောင် နှစ်ဖောင်ကို စဥ့်ကူးမြို့နယ်သစ်တောဦးစီး ဌာနရုံးဆိပ်ကမ်းနှင့် ဖောင်ဖွဲ့ရေးဆိပ်ကမ်းတို့သို့ဆွဲယူဆိုက်ကပ် ကာ ဆိပ်ကမ်းပေါ်သို့တင်ယူခြင်း၊ တိုင်းတာခြင်း၊ သယ်ယူခြင်းလုပ်ငန်းများ ဆောင်ရွက်ကြရာ မန္တလေးတိုင်းဒေသကြီး သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးက လာရောက်ကြည့်ရှုစစ်ဆေးပြီး နိုင်ငံ့ဘဏ္ဍာသိမ်းပစ္စည်းများ မြစ်အတွင်းသို့မျောပါခြင်း၊ ပျောက်ဆုံးခြင်းနှင့် ခိုးယူခြင်းများ မဖြစ်ပေါ်စေရန်မှာကြားပြီး လုပ်ငန်းဆောင်ရွက်မှုတို့ကို ကြီးကြပ်ဆောင်ရွက်ခဲ့သည်။

မြို့နယ်သစ်တောဦးစီးဌာန အနေဖြင့် အဆိုပါ တရားမဝင်သစ်ဖောင်မျှောချ သယ်ယူသူတို့ကို ဖမ်းဆီးရမိရေး စုံစမ်းဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိသည်။

#yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...