Social Icons

Pages

Tuesday, September 5, 2017

မောင်တောမြို့နယ်၊ မီးတိုက်ကျေးရွာရှိ ရဲကင်းစခန်းနှင့် နယ်မြေရှင်းနေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား ARSA အစွန်းရောက်ဘင်္ဂါလီ အကြမ်းဖက်သမားများက ၀ိုင်းဝန်းပစ်ခတ်တိုက်ခိုက်၊ သင်္ဂနက်ကျေးရွာအနီး လက်လုပ်မိုင်းများတွေ့ရှိ




သိမ်းဆည်းရမိ တူမီးသေနတ်၊ ဓား၊ ခဲယမ်းများနှင့် လက်လုပ်မိုင်းကိုတွေ့ရစဉ်။


နေပြည်တော် ၅-၉-၂၀၁၇

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ မီးတိုက်ကျေးရွာရှိ ရဲကင်းစခန်းအား စက်တင်ဘာ ၃ ရက် ည ၁၀ နာရီခန့်တွင် ARSA အစွန်းရောက် ဘင်္ဂါလီအကြမ်းဖက်သမား အင်အား ၂၀ ခန့်က လက်နက်ငယ်၊ တုတ်၊ ဓား၊ လှံများဖြင့် ၀ိုင်းဝန်းပစ်ခတ်တိုက်ခိုက်သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်ပစ်ခတ်ခဲ့ရာ ည ၁၀ နာရီ ၅ မိနစ်တွင် ARSA အစွန်းရောက်ဘင်္ဂါလီအကြမ်းဖက် သမားများသည် ကျေးရွာ၏ အနောက်မြောက်ဘက်သို့ ဆုတ်ခွာထွက်ပြေး သွားခဲ့သည်။

ဖြစ်စဉ်တွင် အကြမ်းဖက်ဘင်္ဂါလီအလောင်းတစ်လောင်း၊ တူမီးသေနတ် တစ်လက်၊ခဲသီးငါးလုံး၊ ယမ်းဘူးတစ်ဘူး၊ ဓားတစ်ချောင်းနှင့် ဓာတ်မီးတစ်လက်တို့ကို သိမ်းဆည်းရမိခဲ့သည်။

အလားတူ ယနေ့နံနက် ၉ နာရီတွင် မောင်တောမြို့နယ်၊ သင်္ဘောကွေ့ကျေးရွာအတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေရှင်းလင်းစဉ် ARSA အစွန်းရောက်ဘင်္ဂါလီအကြမ်းဖက်သမားအင်အား ၃၀ ခန့်က လုပ်သေနတ်များ၊ တုတ်၊ ဓား၊ လှံများဖြင့်တိုက်ခိုက်ခဲ့သဖြင့် ပြန်လည်တိုက်ခိုက်ခဲ့ရာ နံနက် ၁၁ နာရီခန့်တွင် အကြမ်းဖက်သမားများဆုတ်ခွာသွားခဲ့ပြီး ဆုတ်ခွာစဉ် ကျေးရွာအား မီးရှို့ဖျက်ဆီးခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ၀ိုင်းဝန်းငြှိမ်းသတ် ခဲ့ရာ မွန်းလွဲ ၁၂ နာရီခွဲတွင် မီးငြိမ်းသွားခဲ့သည်။ အဆိုပါဖြစ်စဉ်တွင် ကျေးရွာရှိ အိမ်ခြေအလုံး ၅၀၀ ခန့် မီးလောင်ဆုံးရှုံးခဲ့ရပြီး ARSA အစွန်းရောက်ဘင်္ဂါလီအကြမ်းဖက်သမားများထံမှ အလောင်းတစ်လောင်းနှင့် လုပ်သေနတ် တစ်လက် သိမ်းဆည်းရမိခဲ့သည်။

ထို့ပြင် ယနေ့မွန်းလွဲ ၂ နာရီတွင် မောင်တောမြို့နယ်၊ သင်္ဂနက်ကျေးရွာအနီး လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေရှင်းလင်းစဉ် ရွာအလယ်လမ်းနံဘေး၌ ARSA အစွန်းရောက်ဘင်္ဂါလီအကြမ်းဖက်သမားများထောင်ထားသည့် လက်လုပ်မိုင်းတစ်လုံး၊၀ါယာကြိုး ၂၅ ပေ၊ ၁၂ ဗို့ ဘက်ထရီတစ်လုံးနှင့် ပေါက်ကွဲပြီးသား လက်လုပ်မိုင်းတစ်လုံးတို့ကို ရှာဖွေတူးဖော်တွေ့ရှိခဲ့ပြီး မပေါက်ကွဲသေးသော လက်လုပ်မိုင်းအား သက်မဲ့ပြုလုပ်ပြီးဖြစ်ကြောင်း သိရှိရသည်။

ဖြစ်စဉ်များဖြစ်ပွားရာနေရာတစ်ဝိုက်နှင့် အနီးပတ်ဝန်းကျင်အား နယ်မြေရှင်းလင်းရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...