Social Icons

Pages

Thursday, August 3, 2017

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာ့တပ်မတော်ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့ ဂျပန်နိုင်ငံသို့ ရောက်ရှိ


တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာ့တပ်မတော်ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့အား တာဝန်ရှိသူများက ဂျပန်နိုင်ငံ Tokyo မြို့ရှိ Haneda လေဆိပ်တွင် ကြိုဆိုနှုတ်ဆက်စဉ်။

နေပြည်တော် ၃-၈-၂၀၁၇

တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာ့တပ်မတော်ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့သည် သြဂုတ် ၁ ရက်နံနက် ၉ နာရီ မိနစ် ၅ဝ တွင် ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ် မှထွက်ခွာခဲ့ကြပြီး သြဂုတ် ၁ ရက် ဒေသစံတော်ချိန် ည ၁ဝ နာရီ မိနစ်၂ဝ တွင် ဂျပန်နိုင်ငံ Tokyo မြို့ရှိ၊ Haneda လေဆိပ်သို့ ရောက်ရှိကြသည်။

တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဦးဆောင်သည့် မြန်မာ့တပ်မတော် ကိုယ်စားလှယ်အဖွဲ့အား ဂျပန်နိုင်ငံ၊ နိပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ Mr. Yohei SASAKAWA အမှုဆောင်ဒါရိုက်တာ Mr. Yuji MORI ဂျပန်နိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီး ဦးသူရိန်သန့်ဇင်နှင့်ဇနီး၊ မြန်မာစစ်သံ (ကြည်း၊ရေ၊လေ) ဗိုလ်မှူးချုပ်စောမင်းနှင့်ဇနီး၊ သံရုံး၊ စစ်သံရုံးမိသားစုများက လေဆိပ်တွင် ကြိုဆိုနှုတ်ဆက်ခဲ့ကြကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...