Social Icons

Pages

Thursday, August 3, 2017

မန္တလေးမြို့ အနောက်ဘက်ခြမ်း ကမ်းနားလမ်းကို အဆင့်မြှင့်တင်ရန် ကျူးကျော်အဆောက် အအုံများဖယ်ရှားနေရ



မန္တလေး ၃-၈-၂၀၁၇

မန္တလေးမြို့ အနောက်ဘက်ခြမ်း ဧရာဝတီ မြစ်ဘေးရှိ မြစ်ကမ်းနားလမ်းကို ခြောက်လမ်းသွားအဖြစ် အဆင့်မြှင့်တင်ရန် လမ်းဘေးကျူးကျော် အဆောက်အအုံ ၃၆၅ခုကို ဖျက်သိမ်းဖယ်ရှား နေရကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီမှ သိရသည်။

အဆိုပါလမ်းသည် လက်ရှိတွင် နှစ်လမ်းသွား ဖြစ်သောကြောင့် ထပ်မံတိုးချဲ့ရန်အတွက် ကျူးကျော်အဆောက်အအုံ များကို ဇူလိုင် ၃ဝရက်မှ စတင်ဖျက်သိမ်းလျက်ရှိရာ ယနေ့တွင် အိမ်အလုံး ၄ဝခန့်ကို ဖျက်သိမ်းပြီးဖြစ်ကြောင်း သိရသည်။

''မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီအနေနဲ့ကတော့ မန္တလေးမြို့တော်သန့်ရှင်းသာ အဖိုးတန်ရေချိုကို ချွေတာကြပါစို့ ယာလှပဖို့အတွက် ဒီကမ်းနားလမ်းမကြီးကို ခြောက်လမ်းသွားလမ်းမကြီး ဖောက်လုပ်တာပါ။ အဲဒီလိုလမ်းစီမံကိန်းတွေ ဆောင်ရွက်နေစဉ်ကာလမှာ လမ်းနဲ့မလွတ်တဲ့ ကျူးကျော်တဲအိမ်တွေ ကိုဖျက်တာပါ။ အခုကျွန်တော်တို့ ဖျက်တယ်ဆိုတာက တောင်သူတွေရဲ့ မြေနေရာတွေနဲ့ လုံးဝမဆိုင်သလို မြို့သစ်တည်ဆောက်မယ့်စီမံကိန်းနဲ့လဲ မဆိုင်ပါဘူး'' ဟု မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီမှ အခွန်ဌာနမှူး ဦးဝင်းမောင်က ပြောပြသည်။

လမ်းဘေးဝဲ၊ ယာ ကျူးကျော်နေထိုင်သူ အများစုသည် အခြားဒေသများမှ လာရောက်၍ တဲထိုးနေထိုင်ကြကာ ဆိပ်ကမ်းတွင် အလုပ်လုပ်နေသော အလုပ်သမားများ ဖြစ်ကြောင်း သိရသည်။

''ဒီခြောက်လမ်းသွား လမ်းမကြီး ဖောက်လုပ်မယ်ဆိုတော့ ကောင်းပါတယ်။ ဒါပေမဲ့ အခုဒီလမ်းဘေးဝဲ၊ ယာမှာရှိတဲ့ သစ်ပင်အကြီးတွေကိုလဲ ခုတ်လှဲရမယ်။ ပြီးတော့ လမ်းအရှေ့ဘက်ကို ထပ်ချဲ့မယ်ဆို အဆင်ပြေနိုင်ပါ့မလား။ တိုက်ခန်းတွေနဲ့ အရမ်းနီးသွားရင် ဒီတိုက်ခန်းတွေမှာ နေထိုင်တဲ့သူတွေအတွက် အဆင်မပြေနိုင်ပါဘူး။ ဒါကြောင့် လမ်းကိုအနောက်ဘက် သာတိုးချဲ့စေချင်ပါ တယ်''ဟု အဆိုပါ လမ်းမဘေးရှိ ဧရာထွန်းတိုက်ခန်းတွင် နေထိုင်သည့် ကိုစိုးက ပြောပြသည်။

အဆိုပါ ခြောက်လမ်းသွား လမ်းမကြီးတိုးချဲ့ခြင်းကို မန္တလေးမြို့ရှိ ရွှေလှံဗိုလ်ဘုရားရှေ့မှ စစ်ကိုင်းမြို့အဝင်ရှိ ဧရာဝတီမြစ်ကူး တံတားထိ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...