Social Icons

Pages

Friday, July 28, 2017

တောင်ပြုန်းပွဲတော်တွင် H1N1 ရောဂါ ကျန်းမာရေးအသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေမည်



မတ္တရာ ၂၈-၇-၂၀၁၇

ရာသီတုပ်ကွေးရောဂါ H1N1 ကြောင့် စိုးရိမ်ထိတ်လန့်မှုများ ရှိနေသော် လည်းမကြာမီကျင်းပမည့် တောင်ပြုန်းပွဲတော်ကို ရက်ရွှေ့ကျင်းပရန် အစီအစဉ်မရှိဘဲ ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနက ပွဲတော်လာ
ပြည်သူများအား ကျန်းမာရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးမည် ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ပြည်သူ့ ကျန်းမာရေးဦးစီးဌာန တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။

''အဓိကက ပြည်သူလူထုပါပဲ။ ဒီလိုဖြစ်နေတဲ့ အချိန်မှာ ရှောင်သင့်တာတွေ ရှောင်ရမယ်။ ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနအနေနဲ့ တောင်ပြုန်းပွဲကို ပိတ်ပစ်ဖို့ အစီအစဉ်မရှိပါဘူး။ ပြည်သူလူထု အနေနဲ့ ညွှန်ကြားချက် တွေကိုလိုက်နာ နေထိုင်ပေးကြဖို့ လိုပါတယ်''ဟု ၎င်းကဆက်လက် ပြောသည်။

တောင်ပြုန်းပွဲတော် ကျင်းပရေးမှာ ပွဲတော်ကျင်းပရေး ကော်မတီနှင့်သာ သက်ဆိုင်သောကြောင့် ကျန်းမာရေးဦးစီးဌာန အနေဖြင့်  ပွဲတော်ပိတ်ခြင်း၊ မပိတ်ခြင်းကိုဆုံးဖြတ်၍ မရကြောင်းနှင့် ကျန်းမာရေး စောင့်ရှောက်မှု အပိုင်းကို HIV / AIDS ပြခန်းများနှင့် အတူ လက်တွဲဆောင်ရွက်ပေးမည် ဖြစ်ကြောင်း သိရသည်။

မန္တလေးတိုင်း ဒေသကြီး မတ္တရာမြို့နယ် တောင်ပြုန်းကြီး ကျေးရွာ၌ နှစ်စဉ်ကျင်းပလေ့ရှိသည့်  တောင်ပြုန်းပွဲတော်တွင် ပွဲတော်ရက်အတွင်း လူသိန်းနှင့်ချီ၍ လာရောက်ဆင်နွှဲ ကြသည်။

ယခုနှစ်ပွဲတော် ကျင်းပမည့်ရက်ကို ဇူလိုင် ၃၁ ရက်မှ သြဂုတ် ၇ ရက်အထိသတ်မှတ် ထားသော်လည်း လက်ရှိတွင် လူစည်ကားနေပြီဖြစ်သောကြောင့် ဇူလိုင် ၂၈ ရက်နံနက်ပိုင်းမှ စ၍ HIV / AIDS ပညာပေးပြခန်းနှင့် အတူ H1N1 ရောဂါနှင့် ပတ်သက်၍လည်း လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းသာမက ပညာပေးအစီအစဉ်များကို စတင်ဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...