Social Icons

Pages

Tuesday, July 4, 2017

တရုတ်နိုင်ငံ EXIM Bank ပံ့ပိုးချေးငွေဖြင့် အခြေခံသမဝါယမအသင်း ၁၈၉ သင်းအား ငွေကျပ်သိန်းပေါင်း ၅ဝဝဝဝကျော် ထုတ်ချေး



စစ်ကိုင်း ၄-၇-၂၀၁၇

စစ်ကိုင်းမြို့နယ် သမဝါယမဦးစီးဌာနက တရုတ်နိုင်ငံ EXIM Bank မှ ပံ့ပိုးချေးငွေရယူပြီး စစ်ကိုင်းမြို့နယ်အတွင်းရှိ ကျေးရွာများမှ အခြေခံသမဝါယမအသင်း ၁၈၉သင်းအား ငွေကျပ်သိန်းပေါင်း ၅ဝဝဝဝ ကျော် ထုတ်ချေး ပေးခဲ့ ကြောင်း သိရသည်။

စစ်ကိုင်းမြို့နယ် သမဝါယမဦးစီးဌာန၌ ယနေ့ နံနက် ၉ နာရီက အခမ်းအနား ပြုလုပ်၍ အခြေခံသမဝါယမ အသင်းများအား ချေးငွေများ ထုတ်ချေးပေးလျက် ရှိကြောင်း စစ်ကိုင်းမြို့နယ် သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမြင့်လေးက ပြောပြသည်။

တရုတ်နိုင်ငံ EXIM Bank ၏ ပံ့ပိုးချေးငွေ ၂၇၂၂၅ ဒသမ ၆၉သိန်းနှင့် အခြေခံသမဝါယမ အသင်းများ၏ ထည့်သွင်းထားသော အစု၊စုဆောင်းငွေကျပ်သိန်း ၃ဝဝဝဝ ကျော် စုစုပေါင်း ငွေကျပ်သိန်း ၅ဝဝဝဝကျော်ကို စစ်ကိုင်း မြို့နယ်အတွင်းရှိ ကျေးရွာများမှ အခြေခံသမဝါယမ အသင်း ၁၈၉ သင်းမှ အသင်းသားဦးရေ ၃ဝဝဝဝ ကျော်အား ထုတ်ချေး ပေးခဲ့ကြောင်း သိရသည်။

အခြေခံသမဝါယမ အသင်းများကို ခြောက်လတစ်ကြိမ် ထုတ်ချေးပေးလျက်ရှိပြီး ထုတ်ချေးပေးသည့် ပုံစံစနစ်မှာ နှစ်စဉ် ဇန်နဝါရီလ ပထမအပတ်နှင့် ဇူလိုင်လ ပထမအပတ်ထဲများ၌ ထုတ်ချေးပေးလျက်ရှိပြီး ထုတ်ချေး ငွေအတိုးနှုန်း အနေဖြင့်ငွေကျပ် ၁ဝဝလျှင် တစ်လ ၁ ကျပ်ပြား ၅ဝ အတိုးယူကြောင်း၊ အခြေခံသမဝါယမ အသင်းများ၏ စုဆောင်းငွေများပေါ်မူ ငွေကျပ်၁ဝဝလျှင် တစ်လတစ်ကျပ်နှုန်း အတိုး ပြန်ပေးကြောင်း၊ ချေးငွေများပြန်လည် ကောက်ခံရာတွင် သတ်မှတ်ရက်အတွင်း အပြေအကြေ ပြန်လည်ပေးသွင်း နိုင်သောအခြေခံ သမဝါမယအသင်း များကိုဂုဏ်ပြုသည့် အနေဖြင့် ဂုဏ်ပြုချီးမြင့်ပွဲများ ပြုလုပ် ဆောင်ရွက်ပေးလျက် ရှိကြောင်း စစ်ကိုင်း မြို့နယ် သမဝါယမဦးစီးဌာနမှ သိရသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...