Social Icons

Pages

Tuesday, July 4, 2017

ပြည်တွင်းရေကြောင်းပိုင် ခရီးသည်တင်သင်္ဘောများ အရှုံးပေါ်နေခြင်းကြောင့် စီးပွားရေးဈေးကွက် ပြန်လည်ကောင်းမွန်လာစေရေး အပျော်စီးသင်္ဘောများအဖြစ် ငှားရမ်းပေးနေ


ပြည်တွင်းရေကြောင်းပိုင် ခရီးသည်တင် သင်္ဘောများကို တွေ့ရစဉ်။

မန္တလေး ၄-၇-၂၀၁၇

ဧရာဝတီမြစ်အတွင်း၌ ပြည်တွင်းရေကြောင်းပိုင် ခရီးသည်တင်ဆောင်နေသည့် သင်္ဘောများ အရှုံးပေါ်နေခြင်းကြောင့် စီးပွားရေးဈေးကွက် ပြန်လည်ကောင်းမွန်လာစေရန် အပျော်စီးဇိမ်ခံ သင်္ဘောများအဖြစ် ငှားရမ်းပေးနေကြောင်း ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး ဧရာဝတီဌာနခွဲ (မန္တလေး)မှ တာဝန်ရှိသူတစ်ဦးက ပြောပြသည်။

ယခင်က ကုန်းလမ်းကြောင်းမှ ခရီးသည် များသွားလာမှု အနည်းငယ်သာရှိခဲ့သည့် အတွက် ရေကြောင်းမှ ပြေးဆွဲပေးနေ သည့်သင်္ဘောများ ဈေးကွက်ကောင်းမွန်မှုများ ရှိခဲ့သော်လည်း ယခုလက်ရှိအချိန်တွင် လမ်းပန်း ဆက်သွယ်ရေး ကောင်းမွန်လာမှုကြောင့် ကုန်းလမ်းကြောင်းမှ ခရီးသည်အပြင် ကုန်စည်များပါ တင်ပို့မှုများ လာခဲ့သည့်အတွက် ရေကြောင်းတွင် သွားလာနေသည့် ခရီးသည်တင်သင်္ဘောများ ခရီးသည်လိုက်ပါမှု နည်းပါးခဲ့ပြီး အရှုံးပေါ်မှုများ ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။

ပြည်တွင်းရေကြောင်းပိုင် လက်ရှိပြေးဆွဲ ပေးနေသည့် သင်္ဘောများသည်လည်း ၁၉၄၇ ခုနှစ်က သင်္ဘောများဖြစ်သည့် အတွက် ၎င်းသင်္ဘောများ၏ အင်ဂျင်များနှင့် အခြားအစိတ်အပိုင်းများ ဟောင်းနွမ်းပျက်စီး လာခဲ့ကြောင်း၊ ထိုသို့ဟောင်းနွမ်းနေသည့် အပိုင်းများကို ပြုပြင်ထိန်းသိမ်းမှုများ ပြုလုပ်ကာ ယခုလက်ရှိ အချိန်ထိထိန်းသိမ်း ထားရှိကြောင်း၊ အချို့သင်္ဘောများကိုလည်း ပုဂ္ဂလိက လုပ်ငန်းရှင်များသို့ လေလံတင် ရောင်းချခဲ့ကြောင်း သိရသည်။

ယခုလက်ရှိအချိန်တွင် ပြည်တွင်းရေကြောင်းမှ ခရီးသည်တင် သင်္ဘောများအဖြစ် မန္တလေး-ညောင်ဦး လမ်းပိုင်းတွင် နှစ်စီး၊မန္တလေး-ဗန်းမော် လမ်းကြောင်းတွင် ၁ဝစီးဖြင့် အရှုံးခံပြေးဆွဲပေး လျက်ရှိသည်။ ၎င်းခရီး သည်တင်သ င်္ဘောများကို ယခုကဲ့သို့ ငှားရမ်းခြင်းကြောင့် ဈေးကွက်စီးပွားရေးစနစ် ပြန်လည်ကောင်းမွန် လာမည့်အပြင် ခရီးသွားလုပ်ငန်းများပါ ဖော်ဆောင်ပြီးသား ဖြစ်စေရေးအတွက် ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ မန္တလေးဆိပ်ကမ်းမှ မင်းကွန်းဒေသအပြင် အခြားစိတ်ဝင်စား စရာနေရာများကို သင်္ဘောပေါ်မှ ကြည့်ရှုနိုင်ရန်နှင့် ပါတီပွဲများ၊ ပျော်ပွဲရွှင်ပွဲများအတွက်ပါ သင်္ဘော အရွယ်အစားပေါ် မူတည်၍ သင့်လျော်သော အခကြေးငွေဖြင့် ငှားရမ်းပေး လျက်ရှိ ကြောင်းသိရသည်။

''ဧရာဝတီမြစ်ထဲမှာတော့ ခရီးသည် တင်သင်္ဘောတွေကို အပျော်စီးသင်္ဘောတွေ အဖြစ် ငှားရမ်းပေးနေပါတယ်။ ခရီးသွားလုပ်ငန်းကိုလဲ ဖော်ဆောင်ပြီးသားဖြစ်သလို ဈေးကွက်စီးပွားရေး စနစ်ကိုပါ ပြန်လည် ကောင်းမွန် လာစေနိုင်ပါတယ်။ ဒါကြောင့် အပိုဝင်ငွေလဲရအောင် ရက်ပိုင်း၊ လပိုင်းငှားရမ်းချင်တဲ့ သူတွေကိုလဲ ငှားရမ်းပေးနေပါတယ်''ဟု ၎င်းက ဆက်လက်ပြောပြ၍ သိရသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...