Social Icons

Pages

Monday, July 10, 2017

စဥ့်ကူးမြို့နယ်တွင် ဆည်ရေသောက်စနစ်ဖြင့် စိုက်ပျိုးထားသော မိုးကြိုနွေစပါးများ ဖြစ်ထွန်းအောင်မြင်



စဥ့်ကူး ၁၀-၇-၂၀၁၇

မန္တလေးတိုင်းဒေသကြီး စဥ့်ကူးမြို့နယ်တွင် မာလဲ-နတ်တောင် ရေလှောင်တမံဆည်မှ ပေးဝေသော ရေကိုရယူပြီး ဆည်ရေသောက်စနစ်ဖြင့် စိုက်ပျိုးထားသော မိုးကြိုနွေစပါးများ ဖြစ်ထွန်းအောင်မြင်လျက် ရှိကြောင်း သိရသည်။

စဥ့်ကူးမြို့နယ်ရှိ မာလဲ-နတ် တောင်ရေလှောင်တမံ ဆည်သည် မိုးရေရရှိမှု အနည်းအများပေါ် မူတည်၍ သိုလှောင်ဖြန့်ဖြူးရခြင်း၊ မိုးရေသိုလှောင် ထိန်းသိမ်းထားရှိမှု အားနည်းခြင်းတို့ကြောင့် မုရင်းစပါးအပါအဝင် နွေစပါး စိုက်ဧက ၁၅ဝဝ နှင့်မိုးစပါးစိုက်ဧက ၆ဝဝဝ ကျော်သာ ရေပေးစိုက်ပျိုး နိုင်သော်လည်း ယခုနှစ်တွင် မိုးရွာသွန်းမှု ကောင်းမွန်၍ မိုးစပါးစိုက်ဧက လျာထားချက်ထက် ကျော်လွန်ကာ ဧက ၂၃ဝဝဝကျော်ထိ စိုက်ပျိုးနိုင် ခဲ့ကြောင်း သိရသည်။

ယခုအခါ တောင်သူများ အနေဖြင့် မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ ဝန်ထမ်းများ၏ နည်းပညာပံ့ပိုးမှု တို့ဖြင့် နွေရောမိုးပါ စပါးစိုက်ခင်းများ ဖြစ်ထွန်းအောင်မြင် လျက်ရှိကြောင်း သိရသည်။

စဥ့်ကူးမြို့နယ် စိုက်ပျိုးရေးဦးစီး ဌာနအနေဖြင့် တောင်သူများ စိုက်ဧကများကို စနစ်တကျမှန်ကန်စွာ စိုက်ပျိုးနိုင်ရေးနှင့် အထွက်နှုန်း ကောင်းမွန်ရေးတို့အတွက် ကျေးရွာများသို့ ကွင်းဆင်း၍ တောင်သူပညာပေး လုပ်ငန်းများကို ကျယ်ပြန့်စွာ ဆောင်ရွက်လျက်ရှိသည်။ အကျိုးဆောင် တောင်သူများနှင့် ပူးပေါင်း၍ မျိုးသန့်ထုတ်စိုက်ကွက်များ ထူထောင်ခြင်း၊ နှစ်စဉ်အကျိုးဆောင် တောင်သူ၏ ၂၅ဧကစိုက်ကွက်နှင့် အခြားတောင်သူတို့၏ စိုက် ကွက်များ ပေါ်တွင် မနောသုခ (မျိုးသန့်) စမ်းသပ်စိုက်ပျိုး ထုတ်လုပ်မှုများကို တောင်သူပညာပေး အပြင်ဒေသရာသီဥတုနှင့် ကိုက်ညီမည့် သက်ငယ်မျိုးစေ့ဖြစ်သော ပြည်မြန်မာစိန် စမ်းသပ်စိုက်ကွက်များ ကိုလည်း စိုက်ပျိုးပြသလျက်ရှိသည်။

ဆည်ရေသောက်စနစ်တွင် တောင်သူများအနေဖြင့် ဆည်ရေကို အကျိုးရှိစွာ စနစ်တကျရယူ သုံးစွဲတတ်ရန် လိုအပ်ကြောင်း၊ လက်ရှိအခြေအနေတွင် လယ်ကြားမြောင်း ဖောက်လုပ်သုံးစွဲမှု မရှိဘဲ ကွင်းဆင့် သောက်စနစ်ဖြင့်ဆောင်ရွက် နေကြသေးကြောင်း၊ တောင်သူများဘက်ကလည်း လယ်ကြားမြောင်း ဆည်ရေသောက်စနစ် ဖော်ဆောင်အသုံးပြုနိုင်ရေး သက်ဆိုင်ရာဌာနတို့နှင့် စနစ်တကျ ပူးပေါင်းဆောင်ရွက်မှသာ စိုက်ပျိုးရေ လေလွင့် ဆုံးရှုံးမှုနည်းပါးပြီး ရေရှည်အကျိုးရှိရှိ ထိရောက်စွာ အသုံးပြုနိုင်မည် ဖြစ်ကြောင်း မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောပြ၍ သိရသည်။

#yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...