Social Icons

Pages

Monday, July 10, 2017

ဧရာဝတီတိုင်းဒေသကြီးတွင် မိုးစပါးရာသီအတွက် စိုက်ပျိုးစရိတ်ချေးငွေကျပ် ဘီလီယံ ၄ဝဝခန့် ထုတ်ချေးမည်



ပုသိမ် ၁၀-၇-၂၀၁၇

ဧရာဝတီတိုင်းဒေသကြီးတွင် ၂ဝ၁၇-၂ဝ၁၈ မိုးစပါးရာသီအတွက် စိုက်ဧက ၃၄သိန်းကျော်၊ တောင်သူဦးရေ သုံးသိန်းခြောက်သောင်း ကျော်ကို စိုက်ပျိုးစရိတ်ချေးငွေကျပ် ဘီလီယံ ၄ဝဝခန့် ထုတ်ချေးပေးသွားမည် ဖြစ်ကြောင်း ဧရာဝတီတိုင်း ဒေသကြီး၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ်၏ သတင်းအချက်အလက် များနှင့် ဒေသခံတောင်သူများ ထံမှသိရသည်။

ဧရာဝတီတိုင်း ဒေသကြီးတွင် ယခုနှစ် မိုးစပါးစိုက်ရာသီတွင် မိုးစပါးစိုက်ပျိုးသူ တောင်သူဦးရေ သုံးသိန်းခြောက်သောင်း ကျော်ရှိနေပြီး စိုက်ဧကမှာ ၃၄ သိန်းကျော် ရှိနေသည်။ ထို့ကြောင့် စိုက်ပျိုးသူ တောင်သူများ အဆင်ပြေစွာ ဆောင်ရွက်နိုင်ရေး အတွက် မိုးစပါးစိုက်ပျိုး စရိတ်ချေးငွေများကို မေ ၂၃ရက်မှ စတင်ထုတ်ချေး ပေးခဲ့သည်။

အဆိုပါ စိုက်ပျိုးစရိတ် ချေးငွေများကို တိုင်းဒေသကြီးတစ်ခုလုံး အတိုင်းအတာအနေဖြင့် ယခုနှစ် စက်တင်ဘာလကုန်ထိ ထုတ်ချေးပေး သွားမည်ဖြစ်သည်။ လက်ရှိထုတ်ချေး ပေးခဲ့မှု အခြေအနေများမှာ ဇွန် ၂၁ ရက်ထိ တိုင်း ဒေသကြီးအတွင်းရှိ ကျေးရွာအုပ်စု ၅ဝ၃စု၊ အစုအဖွဲ့ ၂ဝ၇၈၈၊ တောင်သူဦးရေ ၅၉၈၂၂ ဦးတို့၏ စိုက်ဧက ၃၈၉ဝ၉၆ ဧကအတွက် ငွေကျပ် ၅၈ဘီလီယံကျော် ထုတ်ချေးပေးပြီးဖြစ်ပြီး ကျန်ချေးငွေများ ကိုလည်း ဆက်လက်ထုတ်ချေးပေး လျက်ရှိသည်။

မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်၊ ဧရာဝတီတိုင်း ဒေသကြီးဘဏ်ခွဲမှ တိုင်းဒေသကြီးအတွင်းရှိ မိုးစပါး၊ ဆောင်းစပါး စိုက်တောင်သူများကို စိုက်ပျိုးစရိတ်ချေးငွေများ နှစ်စဉ်ထုတ်ချေးပေး လျက်ရှိရာ ၂ဝ၁၂ခုနှစ် မိုး၊ ဆောင်းစပါး ချေးငွေများမှစ၍ ၂ဝ၁၆ခုနှစ် မိုး၊ ဆောင်းစပါးထိ အချိန်စေ့လွန်၊ ကြွေးကျန်များ၊ ပြန်လည်ပေးဆပ်ရ မည့်ငွေမှာ ငွေကျပ် ၂၂၃ဘီလီယံကျော် ထိကျန်ရှိ နေကြောင်းသိရသည်။

#yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...