Social Icons

Pages

Thursday, July 13, 2017

ကော့သောင်း - မြိတ်ကားလမ်းဘေးရှိ မြေကာနံရံပြိုကျမှုအား ဖယ်ရှားရှင်းလင်း


တပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများ ပူးပေါင်း၍ မြေကာနံရံ ပြိုကျမှုကိုဖယ်ရှား ရှင်းလင်းပေးစဉ်။

နေပြည်တော် ၁၃-၇-၂၀၁၇

တနင်္သာရီတိုင်း ဒေသကြီး၊ ကော့သောင်း မြို့နယ်အတွင်း မိုးသည်းထန်စွာ ရွာသွန်းခဲ့သဖြင့် ယနေ့ မွန်းလွဲ ၁၂ နာရီခွဲတွင် ရွှေပြည်စိုးကျေးရွာ၊ ဇိနပုတ္တတောရ ကျောင်းနှင့် ကော့သောင်း-မြိတ်ကားလမ်းဘေးရှိ အလျား ၆ဝ ပေ၊ အနံ ၈ဝ ပေရှိ မြေကာနံရံ ပြိုကျမှုကြောင့် လမ်းပိတ်ဆို့မှုများ ဖြစ်ပွားခဲ့သည်။

အဆိုပါ လမ်းပိတ်ဆို့မှုကို ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ်မှ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများ ပူးပေါင်း၍ ရှင်းလင်းဖယ်ရှားခြင်းများ ဆောင်ရွက် ပေးခဲ့သဖြင့် မွန်းလွဲ ၁ နာရီခွဲမှစတင်၍ မော်တော်ယာဉ်များ ပုံမှန်သွားလာ နိုင်ပြီဖြစ်ကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...