Social Icons

Pages

Monday, July 3, 2017

နိုင်ငံ့ဝန်ထမ်း ပြန်တမ်းဝင်အရာရှိ လစ်လပ်နေရာ ၃၈၈ ခုအတွက်ခေါ်ယူရာ ဖြေဆိုသူ ၄၁၂၉ ဦးရ



ရန်ကုန် ၃-၇-၂၀၁၇

ပြည်ထောင်စု ရာထူးဝန်အဖွဲ့က ၀န်ကြီးဌာန/ အဖွဲ့အစည်း ၁၃ ခုအတွက် လစ်လပ်ရာထူး ၃၃၈ နေရာများကို ကြော်ငြာခေါ်ယူလျက်ရှိရာ တိုင်းဒေသကြီးနှင့် ပြည်နယ်စာစစ်ဌာန ငါးခုတွင် ရေးဖြေစာမေးပွဲ ဖြေဆိုသူ ၄၁၂၉ ဦး ရှိကြောင်း သိရသည်။

ရာထူးဝင်ခွင့်ရေးဖြေ စာမေးပွဲအမှတ်စဉ် (၂/၂၀၁၇) ကို နေပြည်တော်၊ ရန်ကုန်၊မန္တလေး၊ မကွေးနှင့် မော်လမြိုင် စသည့်မြို့များရှိ အခြေခံပညာ စာစစ်ဌာနငါးခု၌ ဇူလိုင် ၁ ရက်နှင့် ၂ ရက်တို့တွင် တစ်ပြိုင်တည်း ကျင်းပကြောင်း သိရသည်။

ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်မြို့အခြေခံ ပညာဦးစီးဌာန အ.ထ.က (၄) အလုံနှင့် အ.ထ.က (၁) လမ်းမတော် စာဖြေဌာနတို့တွင် လာရောက်ဖြေဆိုသူ များအားပြည်ထောင်စု ရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌဒေါက်တာ ၀င်းသိမ်းနှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှုကာ အားပေးစကားများ ပြောသည်။

လစ်လပ်ရာထူးများအတွက် ရွေးချယ်ခြင်းခံရသူသည် ဗဟိုဝန်ထမ်းတက္ကသိုလ်များရှိ ပြည်သူ့ဝန်ထမ်း အကယ်ဒမီများတွင် ဖွင့်လှစ်သော အရာထမ်းလောင်း အခြေခံသင်တန်း၊ ပြည်သူ့ဝန်ထမ်းစီမံခန့်ခွဲမှု ဘွဲ့လွန်ဒီပလိုမာ သင်တန်းသို့ တက်ရောက်စေပြီး ဘွဲ့လွန်ဒီပလိုမာလက်မှတ်များ ချီးမြှင့်အပ်နှင်းကာ သက်ဆိုင်ရာ ၀န်ကြီးဌာနများနှင့် အဖွဲ့အစည်းအသီးသီးတွင် ပြန်တမ်းဝင်အရာရှိအဖြစ် ရာထူးခန့်အပ် တာဝန်ပေးမည်ဖြစ် ကြောင်းသိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...