Social Icons

Pages

Wednesday, July 26, 2017

စစ်ကိုင်း၊မင်းဝံ၊ မင်းကွန်းတောင်ရိုးရှိ သီလရှင်အပါး ၇ဝဝဝ အားအောင်ဇမ္ဗူ ဆရာတော်ကြီးနှင့် အောင်ဇမ္ဗူသာသနာ ပြုအဖွဲ့တို့က သီလရှင်ဝတ်စုံများလှူဒါန်း



စစ်ကိုင်း ၂၆-၇-၂၀၁၇

စစ်ကိုင်း၊မင်းဝံ၊ မင်းကွန်းတောင်ရိုးရှိ သီလရှင်အပါး ၇ဝဝဝ အား အောင်ဇမ္ဗူ ဆရာတော်ကြီးနှင့် အောင်ဇမ္ဗူသာသနာ ပြုအဖွဲ့တို့က သီလရှင်ဝတ်စုံများ လှူဒါန်းပွဲကို ယနေ့ မွန်းလွဲ ၁ နာရီက စစ်ကိုင်းမြို့ နန်းဦးမြို့သစ်ရပ် သကျဓိတာသီလရှင် စာသင်တိုက်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း အောင်ဇမ္ဗူ သာသနာပြုအဖွဲ့မှ ဒုတိယဥက္ကဋ္ဌ ဦးဌေးအောင်မိုးက ပြောပြသည်။

သီလရှင်အပါး ၇ဝဝဝ အားသီလရှင်ဝတ်စုံများ လှူဒါန်းသည့် အပြင် စစ်ကိုင်း၊ မင်းဝံ၊ မင်းကွန်းတောင်ရိုးတွင်ရှိသည့် သီလရှင်ကျောင်းပေါင်း ၄ဝဝကျော်ကို HIJET ကားတစ်စီး မဲဖောက်ပြီး လှူဒါန်းပေးသွားမည် ဖြစ်ကြောင်း၊အောင်ဇမ္ဗူ ဆရာတော်ဘုရားကြီး၏ မွေးနေ့အလှူတော်မင်္ဂလာ အခမ်းအနားတွင်လည်း ကားမဲဖောက်၍ လှူဒါန်းလေ့ရှိကြောင်း ၎င်းက ပြောပြသည်။

အောင်ဇမ္ဗူ သာသနာပြု အဖွဲ့ကို ၂ဝ၁၃ခုနှစ်က စတင်ဖွဲ့စည်း ခဲ့ပြီး အောင်ဇမ္ဗူ ဆရာတော်ဘုရားကြီး၏ ပါရမီ ဖြည့်ဆည်းသည့် အနေဖြင့် ဆရာတော်ဘုရားကြီးက ဦးဆောင်၍ ဆရာတော် ဘုရားကြီး၏ မွေးရပ်ဇာတိမြေ ရေဦးမြို့တွင် သံဃာဆေးရုံနှင့် ရေဦးမြို့ ပကုန်းကျေးရွာတွင် စာသင်ကျောင်း ဆောင်တို့ကို ဆောက်လုပ်လှူဒါန်း ခဲ့ကြောင်း သိရသည်။

#yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...