Social Icons

Pages

Sunday, July 16, 2017

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာ့တပ်မတော်ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့ အိန္ဒိယသမ္မတနိုင်ငံမှ ပြန်လည်ရောက်ရှိ





နေပြည်တော် ၁၆-၇-၂၀၁၇

အိန္ဒိယတပ်မတော် (ကြည်း၊ရေ၊လေ) ဦးစီးချုပ်များကော်မတီဥက္ကဋ္ဌ Admiral Sunil Lanba ၏ဖိတ်ကြားချက်အရ အိန္ဒိယသမ္မတနိုင်ငံသို့ ချစ်ကြည်ရေး ခရီးသွားရောက်ခဲ့သည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာ့တပ်မတော် ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ ဒေသစံတော်ချိန်ညနေ ၃ နာရီခွဲတွင် နယူးဒေလီမြို့မှ လေကြောင်းခရီးဖြင့် ပြန်လည်ထွက်ခွာကြသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဦးဆောင်သည့် မြန်မာ့တပ်မတော် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့အား အိန္ဒိယသမ္မတနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးမောင်ဝေနှင့်ဇနီး၊ မြန်မာစစ်သံ(ကြည်း၊ရေ၊လေ) ဗိုလ်မှူးချုပ်သိန်းဇော်နှင့်ဇနီး၊ အိန္ဒိယတပ်မတော်ရေတပ်ဌာနချုပ်မှ နိုင်ငံတကာဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဌာန၊ လက်ထောက်ရေတပ်ဦးစီးချုပ် (Assistant Chief of Naval Staff) Rear Admiral Dhiren Vig နှင့်ဇနီး၊ တာဝန်ရှိသူများကလေဆိပ်တွင်ပို့ဆောင် နှုတ်ဆက်ကြသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဦးဆောင်သည့် မြန်မာ့တပ်မတော် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည် ည ၈နာရီတွင် နေပြည်တော်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ပြန်လည်ရောက်ရှိရာ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်ဇနီး၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီးမြထွန်းဦး နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ခင်အောင်မြင့်နှင့်ဇနီး ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့်ဇနီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသမ္မတနိုင်ငံ သံရုံးယာယီတာဝန်ခံ Mr. Balasubramanian Shyam နှင့်တာဝန်ရှိသူများက လေဆိပ်တွင် ကြိုဆိုနှုတ်ဆက်ကြသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ အဖွဲ့ဝင်အဖြစ်လိုက်ပါသွားသည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ဇနီး ဒေါ်ကြူကြူလှ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး တို့ ပြန်လည်လိုက်ပါလာခဲ့ကြသည်။

ထို့အတူ ယနေ့ဒေသစံတော်ချိန် နံနက် ၁၁ နာရီတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်နှင့် တပ်မတော်အရာရှိကြီးများ၊ မြန်မာစစ်သံ(ကြည်း၊ရေ၊လေ) ဗိုလ်မှူးချုပ် သိန်းဇော်တို့လိုက်ပါ၍ အိန္ဒိယသမ္မတနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံရုံးသို့ ရောက်ရှိကြရာ သံအမတ်ကြီးဦးမောင်ဝေနှင့်ဇနီး၊ သံရုံး၊ စစ်သံရုံးမိသားစုများနှင့် ပညာတော်သင် သင်တန်းသားအရာရှိများက ကြိုဆိုနှုတ်ဆက်ကြသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က သံရုံး၊ စစ်သံရုံးမှ မိသားစုဝင်များ နှင့် ပညာတော်သင် သင်တန်းသားအရာရှိများအား တွေ့ဆုံအမှာစကားပြောကြားရာတွင် ယခုချစ်ကြည်ရေးခရီးစဉ်လာရောက်ခြင်းသည် အဓိကအားဖြင့် နှစ်နိုင်ငံချစ်ကြည်ရေး ပိုမိုခိုင်မာကောင်းမွန်စေရန်ဖြစ်ကြောင်း၊ တပ်မတော်ဆိုသည်မှာပြောင်းလဲမှုမရှိသဖြင့် တပ်မတော်ချင်း ချစ်ကြည်ရင်းနှီးမှုရှိနေခြင်းသည် နှစ်နိုင်ငံဆက်ဆံရေးကိုများစွာ အထောက်အကူဖြစ်စေကြောင်း၊ အထူးသဖြင့်အိမ်နီးချင်းနိုင်ငံများနှင့် ဆက်ဆံရေးသည် ပို၍အရေးကြီးကြောင်း၊ ၊နိုင်ငံအချင်းချင်းဆက်ဆံရေးတွင် သံတမန်ဆက်ဆံရေးသည် များစွာအရေးပါသောကြောင့် သံရုံး၊ စစ်သံရုံးများက ၀ိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရမည် ဖြစ်ကြောင်း၊ သံတမန်ဆက်ဆံရေးကောင်းမွန်ခြင်းသည် နိုင်ငံရေးအတွက် အထောက်အကူဖြစ်စေကြောင်းဦးစွာမှာကြားသည်။

ဆက်လက်ပြီးမိမိတို့နိုင်ငံတွင် ၂၀၁၁ ခုနှစ်မှစတင်၍ ပြည်သူကရွေးချယ်ခဲ့သည့် ပါတီစုံဒီမိုကရေစီလမ်းကြောင်းလျှောက်လှမ်းရာတွင် ခိုင်ခိုင်မာမာနှင့် တည်တည်ငြိမ်ငြိမ် ဖြစ်ရန်လိုကြောင်း၊ တည်ငြိမ်အေးချမ်းရေးအတွက် တို့တာဝန်အရေးသုံးပါးသည် အဓိကကျကြောင်း၊ တို့တာဝန်အရေးသုံးပါးကို မထိခိုက်ရန်အရေးကြီးကြောင်း၊ ဒေသတည်ငြိမ် အေးချမ်းမှုမှာ များစွာလိုအပ်ကြောင်း၊ တပ်မတော်ချင်းပူးပေါင်းဆောင်ရွက်ခြင်းဖြင့် နယ်စပ်ဒေသတည်ငြိမ်အေးချမ်းမှုကိုရရှိနိုင်ကြောင်း၊ တည်ငြိမ်အေးချမ်းမှုရှိမှလည်း ပြည်သူ့အကျိုးစီးပွားကို မြှင့်တင်ပေးနိုင်မည်ဖြစ်ကြောင်း၊ တိုင်းပြည်တည်ငြိမ်အေးချမ်းမှ စီးပွားရေး ကောင်းအောင်လုပ်ဆောင်နိုင်မည်ဖြစ်ကြောင်း၊ တစ်ဖက်ကလည်းနိုင်ငံရေးအရ မှန်မှန်ကန်ကန်လုပ်ရန်လိုကြောင်း၊ ယင်းမှတစ်ဆင့်နိုင်ငံရေးအရယုံကြည်မှု၊ စီးပွားရေးအရ ယုံကြည်မှုများရရှိလာမှာဖြစ်ကြောင်း၊ နှစ်နိုင်ငံကုန်သွယ်မှုမြှင့်တင်ရေးကိုလည်း နည်းလမ်းပေါင်းစုံဖြင့်ကြိုးစားရမည်ဖြစ်ကြောင်း၊ တိုင်းပြည်အတွက်ပို့ကုန်ရရှိမှသာ ကုန်ထုတ်လုပ်မှုနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ရှိလာမည်ဖြစ်ကြောင်း၊ သို့မှသာ ၀င်ငွေရရှိမည်ဖြစ်ကြောင်း၊သို့ဖြစ်၍သံတမန်ဆက်ဆံရေးအား သာမန်မျှသဘောမထားဘဲ ယင်းအချက်အလက်များအား သံရုံး၊ စစ်သံရုံးများက အလေးထားလုပ်ဆောင်ကြရမှာ ဖြစ်ကြောင်း၊ သံတမန်လုပ်ငန်း တာဝန်ထမ်းနေကြသူများဖြစ်၍ မြန်မာစိတ်မွေးပြီး အချင်းချင်းစည်းစည်း လုံးလုံးနေထိုင်ကြရန်လိုကြောင်း၊ မိမိတို့နိုင်ငံမှအကြောင်းအမျိုးမျိုး ကြောင့် ရောက်ရှိနေကြသူများကိုလည်းတတ်နိုင်သမျှ ကာကွယ်စောင့်ရှောက်ပေးရမည် ဖြစ်ကြောင်းနှင့် အိန္ဒိယနိုင်ငံမှာရာသီဥတုပြင်းထန်၍ ကျန်းမာရေးဂရုပြုရန်နှင့် မိမိတို့၏ယဉ်ကျေးမှုနှင့် ဘာသာတရားကိုလည်း မမေ့လျော့ကြရန်မှာကြားသည်။

ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က သံရုံး၊ စစ်သံရုံးမိသားစုများ နှင့် သင်တန်းသားအရာရှိများအတွက် စားသောက်ဖွယ်ရာများ၊ လက်ဆောင်ပစ္စည်းများ၊ ချီးမြှင့်ငွေများနှင့် တပ်မတော်အထည်ချုပ်စက်ရုံများမှ ချုပ်လုပ်သည့် အ၀တ်အထည်များအားပေးအပ်ရာ သံအမတ်ကြီးနှင့်ဇနီး၊ စစ်သံမှူးနှင့် သံရုံး၊ စစ်သံရုံးမိသားစုများ၊ သင်တန်းသားအရာရှိများ ကလက်ခံရယူကြသည်။ ထို့နောက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်အဖွဲ့ဝင်များအား သံရုံး၊ စစ်သံရုံးမိသားစုများကနေ့လယ်စာဖြင့် တည်ခင်းဧည့်ခံခဲ့ကြကြောင်းသတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...