Social Icons

Pages

Tuesday, July 4, 2017

ပြည်ပတင်ပို့မည့် ငါးရှဥ့်များကို ၃ စင်တီမီတာရှိ ဆန်ခါဖြင့်စိစစ်ပြီးဆန်ခါ ပေါ်တင်သည့်ငါးရှဥ့်များသာ တင်ပို့ခွင့်ပြုမည်



ရန်ကုန် ၄-၇-၂၀၁၇

ပြည်ပသို့ ငါးရှဥ့်တင်ပို့မည့် ဒိုင်များကို ငါးလုပ်ငန်းဦးစီးဌာနနှင့် ငါးရှဥ့်လုပ်ငန်းရှင်များ အသင်းမှ ကိုယ်စားလှယ်များ သွားရောက်ပြီး ၃ စင်တီမီတာရှိ ဆန်ခါဖြင့်စိစစ်ကာ ဆန်ခါအောက်ကျသည့် ငါးရှဥ့်များကို သဘာဝရေပြင်သို့ ပြန်လည်လွှတ် ပေးမည်ဖြစ်ပြီး ယင်းထက် အရွယ်ကြီးသော ငါးရှဥ့်များကိုသာပြည်ပသို့ တင်ပို့ခွင့်ပြုမည် ဖြစ်ကြောင်း ငါးလုပ်ငန်းဦးစီးဌာန ဖွံ့ဖြိုးရေးနှင့် သုတေသနဌာနခွဲ ညွှန်ကြားရေးမှူး ဦးစိုးမြင့်ထံမှ သိရသည်။

မြန်မာနိုင်ငံမှ ငါးရှဥ့်များကို တရုတ်နိုင်ငံသို့ မူဆယ်လမ်းကြောင်းမှ Border Trade စနစ်ဖြင့် တင်ပို့နေပြီး ဒုတိယအဖြစ် ထိုင်းနိုင်ငံသို့ တင်ပို့လျက်ရှိကာ တရုတ်နိုင်ငံသည် ငါးရှဥ့်လိုအပ်ချက်များ နေသောကြောင့် တင်ပို့နိုင်ရေး အတွက် ငါးရှဥ့်ဖမ်းသူများမှာ ငါးရှဥ့်အရွယ်အစား မျိုးစုံကို ဖမ်းဆီးနေရသည်။

ငါးရှဥ့်ကို ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ ရွှေဘိုမြို့နှင့်ရေဦးမြို့ တို့မှဖမ်းဆီးရရှိပြီး ယင်းဒေသများမှ ရရှိသည့် ငါးရှဥ့်များကို ပြည်ပသို့ အများဆုံးတင်ပို့ နေကြောင်း သိရသည်။

ထို့ပြင် ငါးလုပ်ငန်းဦးစီးဌာန အနေဖြင့် မြန်မာနိုင်ငံအတွင်းရှိ ငါးရှဥ့်များကို မျိုးမသုဉ်းစေရန်ရည်ရွယ်၍ ၂၀၀၅ ခုနှစ်ကတည်းက ငါးရှဥ့်ဖမ်းဆီးရာတွင် လျှပ်စစ်ရှော့ခ်တိုက် ဖမ်းဆီးခြင်း၊ အဆိပ်အတောက် ဓာတုဗေဒပစ္စည်း နှင့် အန္တရာယ်ဖြစ်စေသည့် ပစ္စည်းများကို အသုံးပြုပြီး ဖမ်းဆီးခြင်းများ မပြုလုပ်ရန် ထုတ်ပြန်ထားကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...