Social Icons

Pages

Monday, July 17, 2017

ပြည်တွင်းစက်သုံးဆီ ဈေးကွက်တွင် ပြည်ပမှစက်သုံးဆီများ ဝင်ရောက်လာသဖြင့် စက်သုံးဆီလက်လီ ရောင်းချသောဈေးနှုန်းများ ကျဆင်း



ရန်ကုန် ၁၇-၇-၂၀၁၇

ပြည်တွင်းရှိ စက်သုံးဆီ တင်သွင်းရောင်းချမှု ဈေးကွက်အတွင်း ပြည်ပမှ နာမည်ကြီး စက်သုံးဆီ တင်သွင်းရောင်းချသော ကုမ္ပဏီတချို့ဝင်ရောက်လာမှုကြောင့် ယခုလလဆန်းပိုင်းမှစ၍ ပြည်တွင်းစက်သုံးဆီ လက်လီ ရောင်းချသော ဈေးနှုန်းများမှာ ကျဆင်းလာကြောင်း စက်သုံးဆီတင်သွင်း ရောင်းချသောလုပ်ငန်းများမှ သိရသည်။

ယခင်က ပြည်တွင်းရှိ စက်သုံးဆီလက်လီ ရောင်းချသော ဒီဇယ်၊ အောက်တိန်း (၉၂) တစ်လီတာလျှင် ငွေကျပ် ၇၂ဝ အထိ ရှိခဲ့သော်လည်း ပြည်ပကုမ္ပဏီများ ဝင်ရောက် လာသောအချိန်တွင် ဒီဇယ်၊ အောက်တိန်း (၉၂) တစ်လီတာလျှင် ငွေကျပ် ၆၇ဝ အထိကျဆင်း သွားသည်။ ထိုသို့ဈေးနှုန်း ကျဆင်းရခြင်းမှာ ပြည်တွင်းဆိပ်ကမ်းသို့ ရောက်ရှိသော စက်သုံးဆီဈေးနှုန်းများ မှာကျဆင်းသွား သောကြောင့် လက်လီရောင်းချသည့် ဈေးနှုန်းများပါ ကျဆင်းသွားခြင်း ဖြစ်သည်။

''စက်သုံးဆီ လက်လီရောင်းချတဲ့ ဈေးနှုန်းတွေက ပြည်ပကုမ္ပဏီတွေ ရင်းနှီးမြှုပ်နှံမှု ပိုမိုပြုလုပ်လာလေ ဆက်ကျလေ ဖြစ်လာမှာပါ။ ဈေးနှုန်းကျဆင်း လာတာကြောင့် မော်တော်ယာဉ်ပိုင်ရှင် တွေအတွက်လည်း အဆင်ပြေတာပေါ့'' ဟု ပြည်တွင်းရှိ စက်သုံးဆီ တင်သွင်းရောင်းချ နေသော လုပ်ငန်းတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

လက်ရှိတွင် ပြည်တွင်းသို့ စက်သုံးဆီများကို စင်ကာပူနိုင်ငံက ရေကြောင်းမှ တစ်ဆင့်တင်သွင်း ရောင်းချနေခြင်း ဖြစ်သည်။ထို့ပြင် ပြည်ပမှ စက်သုံးဆီတင်သွင်း ရောင်းချသော လုပ်ငန်းရှင်တချို့က ပြည်တွင်းရှိ စက်သုံးဆီ လုပ်ငန်းများတွင် ဝင်ရောက်ရင်းနှီး မြှုပ်နှံလုပ်ကိုင်မည် ဖြစ်ကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...