Social Icons

Pages

Tuesday, July 18, 2017

ပင်လယ်ငါးဖမ်း စက်လှေများ ငါးဖမ်းဆီးခွင့် ရက်ထက်ကျော်လွန်ပါက ပုံမှန်သတ်မှတ်ထားသည့် ဒဏ်ကြေးများအတိုင်း ပေးဆောင်ရမည်



နေပြည်တော် ၁၈-၇-၂၀၁၇

ပင်လယ်ငါးဖမ်း စက်လှေများ ငါးဖမ်းဆီးခွင့်ရက်ထက် ကျော်လွန်ပါက ပုံမှန်သတ်မှတ်ထားသည့် ဒဏ်ကြေးများအတိုင်း ပေးဆောင်ကြရမည် ဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ ငါးလုပ်ငန်း ဦးစီးဌာန၏ သတင်းများအရ သိရသည်။

မြန်မာ့ပင်လယ် ငါးလုပ်ငန်း ရေပြင်အတွင်း ငါးသယံဇာတ ထိန်းသိမ်းရေးအတွက် ယခုနှစ်မေ၊ ဇွန်နှင့် ဇူလိုင်လတို့ကို ငါးဖမ်းမရကာလအဖြစ် သတ်မှတ်ကာ ကမ်းဝေးငါးဖမ်း ရေယာဉ်များကို လုပ်ငန်းအမျိုးအစား အလိုက်ရေယာဉ်စင်းရေ၏ ၃ဝ ရာခိုင်နှုန်း ကိုသာ ငါးဖမ်းဆီးခွင့် ပေးခဲ့သည်။

ထို့ပြင် ၂ဝ၁၆-၂ဝ၁၇ဘဏ္ဍာနှစ် ငါးဖမ်းရာသီက ပင်လယ်ပြင်၌ ငါးဖမ်း ဆောင်ရွက်နေသည့် အချိန်ကာလကို ရက်ပေါင်း ၉ဝထိ ဖမ်းဆီးခွင့် ပြုခဲ့ရာမှ ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ်တွင် ငါးဖမ်းရာသီ၌ ရက်ပေါင်း ၆ဝသို့ လျှော့ချရန်သဘောတူညီမှု များရှိထားပြီး ဖြစ်သည်။ အဆိုပါ သတ်မှတ်ချက်သည် ယခုနှစ် စက်တင်ဘာ ၁ရက်တွင် စတင်အကျုံးဝင်မည် ဖြစ်သည်။

ပင်လယ်ပြင်တွင် ငါးဖမ်းလုပ်ငန်း ဆောင်ရွက်နေသည့် ငါးဖမ်းစက်လှေများ အနေဖြင့် ပင်လယ်ပြင်တွင် သတ်မှတ်ထားသည့် ငါးဖမ်းရက် ထက်ကျော်လွန်ကာ ဖမ်းယူပါက တစ်ရက်မှငါးရက်ထိ ကျော်လွန်ပါက တစ်ရက်လျှင် ဒဏ်ငွေကျပ် ၅ဝဝဝဝ၊ ၁ဝရက်ထိကျော်လွန်ပါ ကတစ်ရက်လျှင် ငွေကျပ် ၁ဝဝဝဝဝ၊ ၁၁ ရက်မှ ၁၄ရက်ထိကျော်လွန်ပါ က တစ်ရက်လျှင်ငွေကျပ်၂ဝဝဝဝဝ သတ်မှတ်မည်ဖြစ်ပြီး ၁၅ရက် အထက်ကျော်လွန်ပါက စည်းကမ်းပျက်ရေယာဉ်အဖြစ် သတ်မှတ်အရေးယူမည် ဖြစ်ကြောင်း သိရသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...