Social Icons

Pages

Wednesday, July 12, 2017

လမ်းသစ်ချဲ့ပြုပြင်ထားသည့် ကားလမ်းများတွင် ရွှံ့နွံ၊ ဗွက်နွံကြီးများဖြစ်ပေါ်နေ



တီးတိန် ၁၂-၇-၂၀၁၇

ချင်းပြည်နယ် (မြောက်ပိုင်း) တွင် ပြီးခဲ့သည့်ဆောင်းဥတုနှင့် နွေဥတုကာလတို့၌ လမ်းတိုးချဲ့ ပြုပြင်ခြင်း၊ တောင်နံရံများဖြိုချ ခြင်းတို့ကြောင့် ယခုမိုးဥတုတွင် ကလေး-ဖလမ်း-ဟားခါးလမ်းတစ် လျှောက်နှင့် ကလေး-သိုင်းငင်း-တီးတိန်-ရိဒ်လမ်း တစ်လျှောက်တွင် လမ်းသားပျက်စီးမှု များဖြစ်ကာ မိုးမပြတ်ရွာသွန်းရာမှ ရွှံ့နွံ၊ ဗွက် နွံကြီးများ ဖြစ်ပေါ်နေကြောင်း ချင်းတောင်သို့ ပြေးဆွဲသည့် မော်တော်ယာဉ်လိုင်းများထံမှ သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး ချင်းတောင်ခြေရှိ ကလေးမြို့မှ ချင်းတောင်ပေါ်သွား ကားလမ်းများကို လွန်ခဲ့သည့် ၂ဝ၁ဝပြည့်နှစ်မှစတင်၍ သုံးနှစ်စီမံကိန်းဖြင့် ကုမ္ပဏီပေါင်း ၁ဝဝခန့်က လမ်းအပိုင်းလိုက် ပြုပြင်ခဲ့ကြောင်း၊ ကလေး-ချင်းပြည်နယ် ဆက်သွယ်ရေးတွင် ကလေးမြို့ အခြေစိုက်ကုန်တင်ယာဉ်၊ ဘတ်စကားဂိတ်ပေါင်း ၂ဝမှ ယာဉ်အစီးရေ ၇ဝခန့် နေ့စဉ်သွားလာမှု ရှိနေပြီး ဇွန်လဆန်းချိန်မှစ၍ လမ်းပျက်စီးမှုများကြောင့် လမ်းပြုပြင်နေသည့် နေရာများတွင် သက်ဆိုင်ရာလမ်း ပြုပြင်သူတို့၏ လမ်းပြုပြင်မှု ပြီးစီးသည်ထိ စောင့်ဆိုင်းသွားလာ နေရကြောင်း ချင်းတောင်တန်း ကားအသင်းမှ ယာဉ်မောင်းတစ်ဦးက ပြောပြသည်။

''အခုမိုးဥတုမှာ ချင်းတောင်ပေါ် လမ်းတွေ ပျက်စီးတာ၊ တောင်ပြိုတာတွေကတော့ နှစ်စဉ်နှစ်တိုင်း ဖြစ်ပေါ်နေတာပါ။ ကလေးမြို့ ကနေစပြီး ထွက်လိုက်ကတည်းက လမ်းသစ်ချဲ့ပြုပြင် ထားတဲ့နေရာ ရောက်ရင် ရွှံ့ဗွက်တောလမ်းမကြီး ကိုသွားနေရသလို နွေဥတုမှာဆိုရင်လဲ ဖုန်တထောင်းထောင်းနဲ့ ဖုန်တောကို တိုးနေရတာပါ။ ပြီးခဲ့တဲ့နှစ် တွေတုန်းက ခင်းခဲ့တဲ့ကတ္တရာ လမ်းဟောင်းပေါ်မှာ ရွှံ့မြေတွေတင် ကျန်ရစ်တာဆိုတော့ လမ်းအရမ်းဆိုးပါတယ်။ တီးတိန်-ရိခေါဒါရ်မြို့ကြား လက်ရှိလမ်း အခြေအနေဆိုရင် လမ်းမကြီးက ကျယ်ပေမယ့် လမ်းတအားချော်တယ်''ဟု ကလေးမြို့မှ ရိခေါဒါရ်မြို့သို့ ဆိုင်ကယ်ဖြင့် ခရီးနှင်သူတစ်ဦးက ပြောပြ၍ သိရသည်။

#yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...