Social Icons

Pages

Tuesday, July 11, 2017

ကသာ-ဗန်းမော်သွား ကားလမ်းဘေးတွင် တရုတ်နိုင်ငံသို့ တင်ပို့မည့် တမလန်းဓားရွေတုံးများ တင်ဆောင်ထားသည့် ယာဉ်တစ်စီး ဖမ်းဆီးရမိ



ကသာ ၁၁-၇-၂၀၁၇

ကသာ-ဗန်းမော်သွားလမ်းမိုင် တိုင်အမှတ် (၇/၄) အနီး လမ်းဘေး ခြုံထဲ၌ တရုတ်နိုင်ငံသို့ တင်ပို့မည့် တမလန်းဓားရွေတုံးများ တင်ဆောင်ထားသည့် ယာဉ်တစ်စီးကို ဇူလိုင် ၉ ရက် မွန်းတည့် ၁၂နာရီက ဖမ်းဆီး ရမိခဲ့ကြောင်း သိရသည်။

တမလန်းဓားရွေတုံးများ တင်ဆောင်ထားသည့် မော်တော်ယာဉ် တစ်စီး တွေ့ရှိကြောင်း သတင်းအရ ကသာမြို့နယ် ရဲတပ်ဖွဲ့မှူး ယာယီရဲမှူး မြင့်အောင်၊ ဒုတိယမြို့နယ် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူး ငွေမျိုးမြင့်နီ၊ မြို့မရဲစခန်းမှူး ဒုတိယရဲမှူး ဥာထွန်း၊ကသာမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးဇော်မြင့်၊ သစ်တောဦးစီးဌာနမှ ဦးစီးမှူး ဦးတင်ထွဏ်း၊ တောအုပ်ကြီး ဦးသန်းထွန်းနှင့် သစ်တောအဖွဲ့များ၊ သစ်တောလုံခြုံရေး ရဲအရာခံ ခင်မောင်ထွန်းနှင့် အဖွဲ့၊ မိုးတားလေးရဲကင်း စခန်းမှတပ်ဖွဲ့ဝင်များသည် သက်သေများ နှင့်အတူ သွားရောက် စစ်ဆေးခဲ့သည်။

ထိုသို့စစ်ဆေးရာတွင် ကသာ-ဗန်းမော်သွားကားလမ်း မိုင်တိုင်အမှတ် (၇/၄) အနီး လမ်းဘေးခြုံထဲတွင် တုန်ဖုန်းလီဖန်း အပြာရောင် ခြောက်ဘီးယာဉ် ၃က/----- ယာဉ်ပေါ်၌ တင်ဆောင်ထားသည့် တမလန်း ဓားရွေတုံး ၃၃ တုံး (၃ဒသမ ၄၆၆တန်)၊ ကာလတန်ဖိုးငွေကျပ် ၈၆၆၅ဝဝကို ပိုင်ရှင်မဲ့တွေ့ရှိ၍ သိမ်းဆည်းခဲ့ပြီး ယာဉ်နှင့် သစ်ပိုင်ရှင်ကို ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း ကသာမြို့မ ရဲစခန်းမှ သိရသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...