Social Icons

Pages

Thursday, June 8, 2017

ဇွန်လ ၇ ရက်နေ့တွင် ဖြစ်ပွားခဲ့သော တပ်မတော်ပို့ဆောင်ရေး Y-8 လေယာဉ်တွင် ပါဝင်ကြသည့် တပ်မတော်သားများ၊ မိသားစုဝင်များ၏ ကျန်ရစ်သူ မိသားစုများကို တွေ့ဆုံအားပေးစကားပြောကြား၊ ထောက်ပံ့ငွေပေးအပ်










နေပြည်တော် ၈-၆-၂၀၁၇

ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး ခင်အောင်မြင့်၊ စစ်ဦးစီးအရာရှိချုပ် (ရေ)၊ ကမ်းရိုးတန်းဒေသတိုင်း စစ်ဌာနချုပ်တိုင်းမှူး တို့သည်ယနေ့ နေ့လယ်ပိုင်းတွင် မြိတ်မြို့၊ မြိတ်လေတပ်စခန်းဌာနချုပ် မောတောင်ခန်းမ၌ ဖြစ်စဉ်တွင်ပါဝင်ခဲ့သော အရာရှိ၊ စစ်သည်မိသားစုဝင်များ၏ ကျန်ရစ်ခဲ့သော တပ်မတော်သား မိသားစုဝင်များအား တွေ့ဆုံအားပေးစကား ပြောကြားကာ ထောက်ပံ့ငွေများ ပေးအပ်သည်။

ထောက်ပံ့ငွေများ ပေးအပ်ရာတွင် ဖြစ်စဉ်တွင်ပါဝင်သော တပ်မတော်သာများနှင့် မိသားစုဝင်များအတွက် စစ်ရေးချုပ်ရုံးမှ ထောက်ပံ့ငွေ (၅)သိန်း၊ တိုင်းစစ်ဌာနချုပ်မှ ထောက်ပံ့ငွေ (၂)သိန်း၊ စုစုပေါင်း တစ်ဦးလျှင် (၇)သိန်းကျပ်စီ ကနဦးအနေဖြင့် ထောက်ပံ့ပေးအပ်ကာ ဆက်လက်ပြီး တပ်မတော်သား မိသားစုဝင်များအား ထောက်ပံ့ပေးအပ်သွားမည် ဖြစ်ပါသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...