Social Icons

Pages

Monday, June 5, 2017

ချောင်းသာကမ်းခြေ သန့်ရှင်းသာယာရေး အတွက် Clean Beach Clean Water ကမ်ပိန်းပြုလုပ်



ပုသိမ် ၅-၆-၂၀၁၇

သြစတြေးလျ ကျောင်းသားဟောင်းများ အဖွဲ့(မြန်မာ)မှ ဦးဆောင်၍ Clean Beach၊ Clean Water ကမ်ပိန်းကို ချောင်းသာကမ်းခြေ၌ ယမန်နေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့ကြောင်း သိရသည်။

ချောင်းသာကမ်းခြေရှိ ရွှေဟင်္သာဟိုတယ် ရှေ့မှစတင်ကာ ကမ်းခြေအဆုံးအထိ လမ်းလျှောက်အမှိုက်ကောက် ခဲ့ကြောင်းသိရသည်။

ယင်းလှုပ်ရှားမှုတွင် သြစတြေးလျ ကျောင်းသားဟောင်းများအဖွဲ့ (မြန်မာ)၊ ဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များအသင်း (ချောင်းသာဇုန်)မှ တာဝန်ရှိသူများ၊ ဟိုတယ်ဝန်ထမ်းများ၊ ဒေသခံများ၊ ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှု၊ ဦးစီး ဌာန၊ စည်ပင်သာယာရေး ကော်မတီ၊ ရဲတပ်ဖွဲ့ ၊ အရန်မီးသတ်တပ်ဖွဲ့များ၊ ဆရာ၊ ဆရာမများ နှင့်ကျောင်းသား၊ ကျောင်းသူအင်အား ၄ဝဝကျော် ပါဝင်အမှိုက်ကောက် ခဲ့ကြကြောင်း သိရသည်။

''ချောင်းသာကမ်းခြေကို ပြီးခဲ့တဲ့ ၂၅ နှစ်လောက်က စတင်ဖော်ထုတ်ခဲ့တာပါ။ လက်ရှိချောင်းသာ ကမ်းခြေပတ်ဝန်းကျင်က ညစ်ပတ်လာတယ်။ ဒီလိုမျိုး Clean Beach၊ Clean Water ကမ်ပိန်းလာလုပ်တာ အကျိုးရှိပါတယ်''ဟု ဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များအသင်း (ချောင်းသာဇုန်) မှ တာဝန် ရှိသူတစ်ဦးက ပြောသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...